အပူအစပ်များ အစားလွန်သည့်အခါ လူသားတို့သည် အပူဝမ်းလျှောသောရောဂါများ
ဖြစ်တတ်ကြပါသည်။ထိုသို့အပူဝမ်းလျှောသောရောဂါများဖြစ်ပွားသည့်အခါ ချက်ချင်း
ဆေးဝါးများ မသုံးဆောင်ရလျင် ၀မ်းသွားရင်းအားအင်ကုန်ခမ်းကာ သတိလစ်ကြွက်
တက် ဆီးပူဆီးနည်းဖြစ်ကာ မလိုအပ်ပဲအသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
ထိုသို့ အပူဝမ်းလျှောရောဂါဖြစ်လာလျင် ၀မ်းအရည်များသည် ပူ၍၀မ်းထဲမှဆင်းသွား
သည်ကိုခံစားရခြင်း၊ရေငတ်ခြင်း၊ဆီနီနည်းခြင်း၊ ချွေးပျံခြင်းစသောလက်ခဏာများစတင်
ခံစားရပါသည်။
ထိုအခါ အနီးပါတ်ဝန်းကျင်တွင် ဆေးဝါးမရှိခြင်း၊ဆရာဝန်မရှိခြင်းများ
တိုင်းရင်းဆေးဆရာများမရှိခြင်းတို့နှင့် ကြုံကြိုက်ခဲ့ပါလျင် အောက်ပါဆေးနည်းကိုပြေး
သတိရလိုက်ပါ။ဆေးနည်းလေးရဲ့ အမည်က အပူဝမ်းလျှော၊၀မ်းပျက်ရောဂါပျောက်ဆေး
လို့အမည်ပေးထားပါသည်။ ဆေးနည်းလေးမှာ ရှာဖွေ၍ရသော လွယ်ကူသောဆေးနည်း
ဖြစ်ပါသည်။ ထိုဆေးနည်းမှာ မာလကာပင်အရွက်ရင့် (၇)ရွက်(သို့)(၉)ရွက်ခန့်၊
မာလကာခေါက် လက်နှစ်လုံးခန့် ၊မာလကာမြစ် လက်နှစ်ဆစ်ခန့်တို့ကို ရေမတ်ခွက်နှစ်
လုံးဖြင့် ကြိုပြီး၊ ရေမတ်ခွက်တစ်လုံးသာသာကျန်သောအခါ အရည်ကိုစစ်ယူပြီးအအေး
ခံထားပါ။ ပြီးလျင် ထိုမာလကာရွက်၊ခေါက်၊မြစ်တို့ပြုတ်ထားသောပြုတ်ရည်အားသကြား
ချိုချိုလေးနှင့်ဖျော်ကာ အပူဝမ်းသွားသူအားတိုက်လိုက်ပါ။တစ်ခွက်ထဲနှင်ပင်ဝမ်းလုံးဝ
ရပ်သွားပါလိမ့်မည်။လိုအပ်မှသာ နှစ်ခွက်သုံးခွက်တိုက်ပါ။ ၄င်းဆေးနည်းသည်ဝမ်းပျက်
ဝမ်းလျောပိုးများကိုသေစေနိုင်သောသတ္တိရှိသလို အပူဝမ်းလျှောခြင်းကိုလည်းလုံးဝနိုင်
နင်းပါသည်။ ဖူးစာရှင်လေးမှမိတ်ဆွေသူငယ်ချင်းများအား သိရှိဗဟုသုတရရှိစေရန်စေ
တနာရှေ့ထား ရေးသားလိုက်ရပါသည်။
ခင်မင်လေးစားစွာဖြင့်-
မောင်နေထွန်းလှိုင်(ပုသိမ်)
မှတ်ချက်။ ။ လူငယ်သမားတော်၏ကုထုံးတစ်ခုဖြစ်ပါသည်။ဆေးကြိုသည့်အခါ
မာလကာရွက်နှင့်အခေါက်၊အမြစ်တို့ကို သေချာရေဖြင့်ဆေးကြောပြီး
မှကြိုရပါမည်။

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း