ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာ
ခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့
ဇီဝရုပ်ဖြစ်ပျက် မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ
ခန္ဓာကိုယ် အ လေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ်
ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှု ပုံစံလို
အပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေ ထိုင်မှုဖြစ်ဖို့လေ့ လာကြည့်ပါ။
ကောင်းမွန်သော နံနက်စာ
မနက်စာစားဖို့ပြောတာက လွယ်ပါ တယ်။ မစားမိတာက ပြဿနာပါ။ မနက် စာထဲမှာ
ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ တာကို စားသုံးပေး တာကြောင့်နောက်
ထပ်တစ်နပ်စားသုံးဖို့ကို အရမ်းကြီး မစား မိအောင် အစားထိန်းသိမ်းမှု
အကျင့်ကို ရစေတဲ့အပြင် သင့်ဦးနှောက် ကိုလည်း စွမ်းအင်ရရှိစေပါတယ်။
မနက်စာထဲမှာ အဆီထုတ် ထားတဲ့နို့ ရှစ်အောင်စနဲ့ သစ် သီးတချို့ကို ပါဝင်အောင်
နေ့စဉ်မှီ ဝဲပေးတာကြောင့် သင့်ခန္ဓာကိုယ်အ တွက် ကောင်းမွန် တဲ့ အာဟာရ
ကိုဖြစ်စေပါတယ်။
လေ့ကျင့်မှု
တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါ။ လမ်းလျှောက်
တာ၊ စက်ဘီးစီးတာ၊ ကခုန်တာ၊ ကြိုးခုန် တာတွေ လိုလေ့ကျင့်မှုမျိုး
ကိုပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်ကို တက်ကြွလန်း ဆန်းနေစေပါ တယ်။
ကိုယ်အလေးချိန် ကျချင်တာကြောင့် အချိန်ကြာ ကြာကြီး လေ့ကျင့် ခန်းတွေမ
လုပ်ပါနဲ့။ လေ့ကျင့်ခန်း ကိုမိနစ် ၉၀ လောက်ပြုလုပ်ပေး ရင်လည်း
အလွန်အကျွံဖြစ်သွားစေတာကြောင့် သင်ဟာခန္ဓာကိုယ် အလေးချိန်
ကျအောင်လေ့ကျင့်ခန်းနဲ့ ချနေသူဆိုရင် လိုအပ်တဲ့ လေ့ကျင့် ချိန်ပမာဏကို
သင့်ကျန်းမာရေး စံနှုန်းနဲ့တိုင်းတာဖို့ လေ့ကျင့်ရေးနည်းပြ
ဆရာနဲ့တိုင်ပင်ပါ။
နည်းနည်းစားပါ
နေ့လယ်စာကို အဝစားထားလိုက်မယ် ဒါမှနောက်ထပ်ဗိုက်မဆာတော့မှာ
လို့မတွေးပါနဲ့။ အစာကို နည်းနည်းနဲ့ မကြာခဏစားပေးတာဟာ ခန္ဓာကိုယ်
လုပ်ဆောင်ချက်နဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစားအစာနဲ့
မုန့်ပဲသရေစာတွေကို မျှတအောင်စားပေး တာကြောင့်ခန္ဓာကိုယ် တွင်းသကြားဓာတ် ကို
ထိန်းချုပ်နိုင်ပါတယ်။
ကြွက်သားလေ့ကျင့်ခန်းလုပ်ပါ
ကြွက်သားတွေသန်မာစေဖို့ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လိုပါတယ်။
အလေးမလေ့ကျင့်ခန်းတွေကို ပုံမှန်ပြု လုပ်ပေးပါ။ အမေရိကန်မှ ဆီးချိုသွေးချို
ဆိုင်ရာလေ့လာသူတွေက တစ်ပတ်ကိုသုံး ကြိမ်အလေးမလေ့ကျင့်ခန်းပြုလုပ်ပေး
တာကြောင့် ခန္ဓာကိုယ်မှာ အင်ဆူလင်အ ဆင့် ကိုတိုးစေပြီး ခုခံအားလည်း တက်စေ
တယ်လို့ဆိုပါတယ်။
ကယ်လိုရီကို လျှော့ပါ
ခန္ဓာကိုယ်အလေးချိန်ချနေချိန်မှာ ကယ်လိုရီအနည်းဆုံးဖြစ်စေမယ့်
အစားအစာတွေကို စားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စားနေကျ အစားအစာ တွေ ထဲက
အရသာတူပြီး ကယ်လိုရီပါ ဝင်မှုနည်းတဲ့အစားအစာတွေကို အစား ထိုး စားသုံးပေးပါ။
ဟင်းရွက်တွေ ကို ကြော်စားမယ့် အစား ပြုပ် စားတာမျိုး၊ သုပ်စား
တာမျိုးပြုလုပ်ပါ။
ပရိုတင်းလုံလောက်ပါစေ
ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုအ တွက်ပရိုတင်းဓာတ်လိုအပ်သလို၊ သင်က
ကယ်လိုရီကို လျှော့စားနေတာဖြစ်တဲ့အ တွက်လည်း ပရိုတင်းဓာတ်ကို လုံ
လောက်စွာစားသုံးပေးဖို့လိုအပ်ပါတယ်။ ပေါင် ၁၅၀ ရှိတဲ့အမျိုးသမီးတစ်ရောက်
အတွက် တစ်နေ့ကို ပရိုတင်း ၅၅ ဂရမ်ရ ရှိဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် ပရိုတင်း
ဓာတ်ပါဝင်တဲ့အာဟာရ ၅-၆ အောင်စ လောက် တစ်နေ့ကို စားသုံးပေးသင့်ပါတယ်။
လေ့ကျင့်မှုအဆင့်မြှင့်တင်ပါ
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကိုတိုး ရတာမျိုးမဟုတ်ပါဘူး။
လေ့ကျင့်ခန်းပြု လုပ်ချိန် မိနစ် ၃၀ မှာ အရင်က သုံးမိုင်
လောက်လမ်းလျှောက်နိုင်ခဲ့ တယ် ဆိုရင် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ မိနစ် ၃၀
မှာ လေးမိုင်၊ ငါးမိုင်လောက်ထိ တိုးလာ တာမျိုးကို လေ့ကျင့်ခန်း
အဆင့်မြင့်လာ တယ်လို့ဆို ပါတယ် ။လေ့ကျင့်ခန်းပြုလုပ်လို့
ကုန်ဆုံးသွားတဲ့ချွေးတွေ အတွက်ရေအလုံအလောက်ပြန် လည်သောက်သုံးပြီးရေဓာတ်
ခန်းခြောက်မှုမဖြစ်အောင် ကာကွယ်ပေးပါ။
အစာမဖြတ်ပါနဲ့
ကိုယ်အလေးချိန်တက်မှာစိုးလို့ အစာလုံးဝမစားတော့ဘဲ ဖြတ်တောက်
လိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ပုံ မှန်စားသင့်တဲ့ အာဟာရကိုတော့ စားသုံး
ပေး ပါ။ ကိုယ်အလေးချိန်ကျစေတဲ့ ဆေး ဝါးတွေကို မသုံးဘဲ ကယ်လိုရီလျှော့ထား
ပြီး ကိုယ်အလေးချိန်ချချင်သူတွေအ တွက်အထူးပြုလုပ်ထားတဲ့ အစားအ စာ
တွေကိုတော့ စားပေးလို့ရပါတယ်။
တက်ကြွစွာနေထိုင်ပါ
လုပ်ငန်းခွင်နဲ့ သင်နေထိုင်တဲ့ပတ် ဝန်းကျင်မှာ တက်ကြွတဲ့ဟန်ပန်နဲ့အတူ
ပေါ့ပါးစွာနေထိုင်ပါ။ နေ့လယ်စာစားပြီး ချိန်မှာ ရုံးပတ်ဝန်းကျင်နားမျာ ခဏတာ
လမ်းလျှောက်တာမျိုး၊ လှေကားသုံးပြီး တက်တာမျိုး၊ ဖုန်းရှိရာကို
လမ်းလျှောက် ပြီး သွားပြောတာမျိုးတွေနဲ့ ကိုယ်လက် လှုပ်ရှားမှုရအောင်ယူပါ။
ထိုင်ခုံမှာ အ ထိုင်များနေပြီဆိုရင်လည်း အကြောဆန့်
လေ့ကျင့်ခန်းလိုမျိုးတွေကို ပြုလုပ်လေ့ ကျင့်ပေးပါ။
သဲသဲ
Ref: By Good Health
Source: http://yoolay.com/health/therapy

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း