ကျပ်နှစ်သိန်းတန်
မိုဘိုင်းဖုန်း နံ ပါတ်အပူးများကို ယမန်နေ့က မန္တလေးမြို့တွင်
လေလံတင်ရောင်းချခဲ့ရာ ဂျီအက်စ်အမ် နံပါတ်တစ်ခု အား ဈေးအမြင့်ဆုံး ကျပ် ၄၇
သိန်းနှင့် ဒဗလျူစီဒီအမ်အေ နံပါတ်တစ်ခုအား ကျပ် ၂၅ သိန်းအထိ
ဈေးရရှိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးက နိုင်ငံတော်ဝင်ငွေ ပိုမိုရရှိစေရန်အတွက် ဟုဆိုကာ
မိုဘိုင်းဖုန်းလိုင်း နံပါတ်အပူးလေလံပွဲတွင် ဂျီအက်စ်အမ် ဂဏန်းအပူးနံပါတ်
၃၇ လိုင်းနှင့် ဒဗလျူစီဒီအမ်အေ အပူးနံပါတ် ၂၃ လိုင်းတို့ကို
ရောင်းချခဲ့ပြီး မူလဈေးနှုန်းထက် အဆပေါင်းများစွာ မြင့်သော
လေလံတင်ဈေးများဖြင့် ရောင်းချနိုင်ခဲ့သည်။
လေလံတင်ရောင်းချခဲ့သည့် ဂျီအက်စ်အမ်ဖုန်းလိုင်းများတွင်
၀၉ ၄၄၄၄၄၄၄ နံပါတ်မှာ ကျပ်လေး ဆယ့်ခုနစ်သိန်းဖြင့် အများဆုံးရရှိခဲ့ ပြီး
ယင်းနံပါတ်ကို ရန်ကုန်မြို့ခံတစ်ဦးက လေလံအောင်ခဲ့ခြင်း ဖြစ်သည်။
ဒဗလျူစီဒီအမ်အေ ဖုန်းလိုင်းများတွင် ၀၉ ၄၄၃၆၆၆၆၆၆ နံပါတ်အား
မိုးကုတ်ဒေသခံတစ်ဦးက ကျပ်နှစ်ဆယ့်ငါးသိန်းဖြင့် လေလံအောင် မြင်ခဲ့သည်ဟု
သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဂျီအက်စ်အမ်
အပူးနံပါတ် များကို လေလံစနစ်ဖြင့် ရောင်းချရာတွင် နံပါတ်အများစုမှာ
ကျပ်သိန်းနှစ် ဆယ်နှင့် သိန်းလေးဆယ်ဝန်းကျင်များအထိ ဈေးရရှိခဲ့ပြီး
အနိမ့်ဆုံးလေလံဈေးဖြင့် ရောင်းချခဲ့ရသည့် ဈေးမှာပင်
ကျပ်တစ်ဆယ့်လေးသိန်းငါးသောင်း ရှိသည်။
ဒဗလျူစီဒီအမ်အမ်ဖုန်းလိုင်းများ၏ လေလံနှုန်းထားဖြင့်ရောင်းချခဲ့ရသည့်
ပမာဏများမှာ အနည်းဆုံး ကျပ် ဆယ့်ငါးသိန်းမှ နှစ်ဆယ့်လေး သိန်းအထိရှိပြီး
ယင်းဖုန်းလိုင်းများအနက်မှ အနိမ့်ဆုံးလေလံဈေးနှုန်းသည် ၁၅ သိန်းအထိ
ရှိခဲ့သည်ဟု ယင်းလေလံပွဲကို တက်ရောက်ခဲ့သည့် မန္တလေးဒေသခံတစ်ဦးထံမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးအကြိမ် ပြုလုပ်သည့်
မိုဘိုင်းဖုန်းနံပါတ်အပူးများ လေလံပစ်သည့်ပွဲကို ရန်ကုန်မြို့၊
အမ်အိုင်စီတီ ပတ်ခ်တွင် ယခုလ ၂၂ ရက်၌ ဒုတိယ အကြိမ် ကျင်းပဦးမည် ဖြစ်သည်။
No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း