ဝက်ခြံဖြစ်ခြင်း
ဝက်ခြံ အဓိက ဖြစ်ပေါ် လာခြင်းသည်
မွေးညှင်း ပေါက်လေးများ ပိတ်ဆို့ ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အဆီအိတ်
ဂလင်း များမှ ထုတ်လိုက်သော အဆီလေး များသည် ပုံမှန် အခြေအနေတွင် အရေပြား
မျက်နှာပြင်(Skin Surface) ပေါ်သို့ ထွက်လာလေ့ ရှိပါသည်။ ထိုအချိန်တွင်
အဆီပြွှန် ပိတ်နေပါက ထွက်ပေါက် ပိတ်သွား ပြီးနောက်
ဘတ်တီးရီးယားများစတင်ပွားများလာနိုင်ပါသည်။ ထိုမှတစ်ဆင့် ၀က်ခြံများ
ဖြစ်ပေါ် လာခြင်း ဖြစ်ပါသည်။
အရောင်ကျ စေခြင်း တို့ကြောင့် ၀က်ခြံ ရှိသူများ နေထွက်ပြီး (၂) နာရီအတွင်း တစ်နေ့လျှင် မိနစ်(၃၀) ခန့် နေရောင်ခြည် ခံယူ သင့်ပါသည်။
(၂) ၀က်ခြံပေါက် နေသူများသည် နွားနို့နှင့် နို့ထွက် ပစ္စည်းများကို ခေတ္တ ရှောင်ကြဉ်သင့်ပြီး
ဝက်ခြံ ပျောက်မှ ပြန်စား သင့်သည် ။
(၃) ၀က်ခြံ ပေါက်နေ သူသည် ပြည့်ဝ ဆီကြော် အစားအစာများနှင့် မုန့်မျိုးစုံ ကိုလည်းရှောင်ကြည်သင့်သည် ။
Omega 3 ပါဝင်သော အစားအစာ (ရေချိုငါး၊ သံလွင်ဆီ၊ ငါးကြီးဆီ) များသည် အထူးသင့်သော အစားအစာ များဖြစ်သည် ။
(၄) ၀က်ခြံ ဖြစ်နေပြီ ဆိုပါက အဓိက ဂရုစိုက်ရန် အချက်မှာ ညင်သာစွာ မျက်နှာသစ် ပေးဖို့ ဖြစ်ပါသည်။
အဘယ်ကြောင့် ဆိုသော် မျက်နှာသစ်နည်း မမှန်ပါက ၀က်ခြံအား ဆွပေး သကဲ့သို့ ဖြစ်စေနိုင်သည့် အပြင် ၀က်ခြံများ ပိုမိုပွားများ လာနိုင် သောကြောင့် ဖြစ်ပါသည် ။
(၅) မမှည့်သေးသော ၀က်ခြံများကို ညှစ်ခြင်းမှ ရှောင်ကြည် သင့်ပါသည်။

ဝက်ခြံ အဖြစ်များသော
နေရာများမှာ မျက်နှာ ၊ ရင်ဘတ် ၊ကျော၊ ပုခုံး နှင့် လက်ပြင်တို့
ဖြစ်သည်။အပျိုဖော်ဝင်စနှင့် လူပျိုဖော်ဝင်စ အချိန်များတွင် သာမန်ထက်
လွန်ကဲသော ဟော်မုန်းများဧ။်လှုံ့ဆော်မှုကြောင့် ၀က်ခြံဖြစ်နိုင်ချေ
ပိုများပါသည် ။
ထိုလှုံ့ဆော်မှုသည် လူအများစုအတွက်
အချိန်နှင့်အလိုက်လျှော့နည်းပြီးနောက် ပျောက်ကွယ် သွားလေ့ရှိသည် ။
ထို့ကြောင့် ၀က်ခြံသည် အချို့လူများတွင် အသက် နှစ်ဆယ် ကျော်ချိန်တွင် စတင်၍
ပျောက်ကွယ်ခြင်း သို့မဟုတ် လျော့နည်းခြင်းများ ဖြစ်ပေါ် လာသည် ။သို့သော်
ဝက်ခြံ ပျောက်ကင်းသော အချိန်အား တိကျစွာ မခန့်မှန်း နိုင်ပေ။ တစ်ချို့သော
လူများသည် အသက် (၃၀) နှင့် (၄၀) ကျော်သည့် တိုင်အောက် ၀က်ခြံများ
ပျောက်ကင်း မသွားသည်ကို တွေ့ရှိ ရပေသည် ။
ဝက်ခြံဖြစ်ပေါ်ရခြင်းအကြောင်း
..............................................
အချို့ လူများတွင် ၀က်ခြံ ဖြစ်ပေါ်ရခြင်း၊ အချို့ သူများတွင် ၀က်ခြံ မဖြစ်ခြင်း အကြောင်း များကို တိတိကျကျ မသိသေး သော်ငြားလည်း အများအားဖြင့်အောက်ဖော်ပြပါ အချက်များကြောင့် ဖြစ်ပေါ် လာရ ခြင်းဖြစ်သည် ။
(၁) ဟော်မုန်း လှုပ်ရှားမှု ရှိခြင်း ၊ ဥပမာ အားဖြင့် အပျိုဖော်ဝင်စ နှင့် လူပျိုဖော် ၀င်စ အချိန်နှင့် မိန်းကလေးများ ရာသီလာချိန်

(၂) စိတ်ဖိစီးမှု များခြင်း ၊ ဟော်မုန်း ဓာတ်များခြင်း
(၃) အဆီ ဂလင်းများလွန်ကဲစွာအလုပ်လုပ်ခြင်း
(၄) ဆဲလ်သေများ စုပုံလာခြင်း
(၅) ချွေးပေါက်ထဲရှိ ဘတ်တီးရီးယားပိုးမွှားများကြောင့်ခန္ဓာကိုယ်တွင် Allergy ဖြစ်လာခြင်း
(၆) အရေပြားကျိန်းစပ်ခြင်း သို့မဟုတ် တစ်နေရာရာသို့ ကုတ်မိ၍ ရောင်ရမ်းခြင်း
(၇) ကြွက်သား ကြီးထွားစေသော ဆေးများ အသုံးပြုခြင်း
(၈) Halogens (iodides, chlorides, bromides)lithium, barbiturates, androgens အစရှိသည်များ
ပါဝင်သော ဆေးဝါးများ အသုံးပြုခြငး
(၉) Chlorine compound များစွာနှင့် ထိတွေ့မှုရှိခြင်း ၊ထို compound ထဲတွင် အထူးသဖြင့် Chlorinated dixoins သည် ဆိုးဝါးသော ၀က်ခြံ၊ ကာလကြာရှည်စွာ မပျောက်သော ၀က်ခြံများအား ဖြစ်ပေါ်စေသည် ။

ဝက်ခြံဖြစ်လျှင်ဆောင်ရန်၊ရှောင်ရန်အချက် များ
..............................................................
(၁) နံနက်ခင်း နေရောင်ခြည်သည် ၀က်ခြံရောဂါပိုးများကို သေစေနိုင်ခြင်း၊..............................................................
အရောင်ကျ စေခြင်း တို့ကြောင့် ၀က်ခြံ ရှိသူများ နေထွက်ပြီး (၂) နာရီအတွင်း တစ်နေ့လျှင် မိနစ်(၃၀) ခန့် နေရောင်ခြည် ခံယူ သင့်ပါသည်။
(၂) ၀က်ခြံပေါက် နေသူများသည် နွားနို့နှင့် နို့ထွက် ပစ္စည်းများကို ခေတ္တ ရှောင်ကြဉ်သင့်ပြီး
ဝက်ခြံ ပျောက်မှ ပြန်စား သင့်သည် ။
(၃) ၀က်ခြံ ပေါက်နေ သူသည် ပြည့်ဝ ဆီကြော် အစားအစာများနှင့် မုန့်မျိုးစုံ ကိုလည်းရှောင်ကြည်သင့်သည် ။
Omega 3 ပါဝင်သော အစားအစာ (ရေချိုငါး၊ သံလွင်ဆီ၊ ငါးကြီးဆီ) များသည် အထူးသင့်သော အစားအစာ များဖြစ်သည် ။
(၄) ၀က်ခြံ ဖြစ်နေပြီ ဆိုပါက အဓိက ဂရုစိုက်ရန် အချက်မှာ ညင်သာစွာ မျက်နှာသစ် ပေးဖို့ ဖြစ်ပါသည်။
အဘယ်ကြောင့် ဆိုသော် မျက်နှာသစ်နည်း မမှန်ပါက ၀က်ခြံအား ဆွပေး သကဲ့သို့ ဖြစ်စေနိုင်သည့် အပြင် ၀က်ခြံများ ပိုမိုပွားများ လာနိုင် သောကြောင့် ဖြစ်ပါသည် ။
(၅) မမှည့်သေးသော ၀က်ခြံများကို ညှစ်ခြင်းမှ ရှောင်ကြည် သင့်ပါသည်။
No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း