အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့(၁၈-၁၁-၂၀၁၂) နံနက် ၁နာရီ ၄၀ မိနစ်ခန့်က အိန္ဒိယနိုင်ငံမှ
မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အထူးလေယာဉ်(အိန္ဒိယတပ်မတော် လေယာဉ်) ဖြင့် ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
မူလအစီအစဉ်အရ
ထိုင်းနိုင်ငံမှတဆင့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့
ပြန်လည်ထွက်ခွာမည် ဖြစ်ကာ ယခုအခါ အိန္ဒိယနိုင်ငံမှ
အထူးလေယာဉ်(အိန္ဒိယတပ်မတော် လေယာဉ်)ဖြင့် လိုက်ပါပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်သမ္မတ အိုဘားမား အား နေအိမ်တွင် တွေ့ဆုံမည်ဖြစ်သည်။
No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း