ပြည်ထောင်စုအစိုးရအဖွဲ့၏ နိုဝင်ဘာ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၉/ ၂၀၁၂)ဖြင့်
ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး
ဗိုလ်မှူးချုပ်ကျော်ဇံမြင့်နှင့် အဖွဲ့ဝင် ခုနစ်ဦးပါဝင်သော
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအနီး၌ မန္တလေး-မြစ်ကြီးနား ကုန်တင်ရထားလမ်းချော်တိမ်းမှောက်မှု
ဖြစ်ပွားပြီးနောက် ယိုဖိတ်လာသည့် ဓာတ်ဆီများအား ရွာသားအချို့ခပ်ယူစဉ်
မီးကူးစက်လောင်ကျွမ်း၍ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့မှုနှင့်ပတ်သက်၍
ဖြစ်ရပ်အမှန် ဖော်ထုတ်ရေးနှင့် ဥပဒေနှင့် အညီ အရေးယူနိုင်ရေးတို့အတွက်
ယင်းအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဆိုသည်။

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း