ခန္ဓာကိုယ် တစ်ဝက်သာရှိသော မိန်းကလေး

ခန္ဓာကိုယ် တစ်ဝက်သာရှိသော မိန်းကလေး



ဦးဦး မှော်ဆရာ


  ခြေထောက်တွေ နဲ့ လက်တွေ လုံးဝမပါတဲ့ ဖရီဒါ ပွတ်ရှ်ကင့် ကို ၁၉၂၃ ခုနှစ် 
ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ ကုန်းမောက် ၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ မွေးဖွားခဲ့
ပါတယ် ။ 

 သူမရဲ့ အခြေအနေခုလိုဖြစ်ရတာ သူမအမေ သူမကိုကိုယ်ဝန်ဆောင်စဉ်တုန်းက တတ်ယောင်ကားဆရာဝန်တစ်ယောက်နဲ့ အူအတက်ဖြတ်ခဲ့လို့ လို့ ဖရီဒါက ပြောလေ့ရှိပါတယ် ။
ဒါပေမဲ့ ဒီအပြောဟာ ကျိုးကြောင်းဆီလျော်မှုမရှိသလို ၊ တရာစွဲဆိုထားတဲ့ မှတ်တမ်းတွေလည်း 
မရှိပါဘူး။ ဒါကြောင့် ဒီဖြေရှင်းချက်ဟာ သူမ လူထူးလူဆန်းပြပွဲတွေမှာ ၀င်ရောက်ပြသတဲ့အခါမှ 
ပေါ်လာတဲ့ ထွင်လုံးလှိမ့်လုံးသာ ဖြစ်နိုင်ပါတယ် ။ 

ဖရီဒါ ပွတ်ရှ်ကင့်ဟာ လူသားများ၏ စိတ်ဓါတ်တက်ကြွဖွယ် ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ် ။
သူမရဲ့ အခြေအနေကိုကြည့်မိသူတိုင်း သူမဘ၀ဟာ ကိုယ်တိုင် ဘာမှမလုပ်နိုင်တဲ့
အခြေအနေပဲလို့ တွေးမိပါလိမ့်မယ် ။ သူမကိုယ်တိုင်ကတော့ သူမရဲ့ဘ၀ဟာ ဘာမှ
မလုပ်နိုင်မကိုင်နိုင်တဲ့ ဘ၀ပဲလိုတစ်ခါမှ မတွေးခဲ့ပါဘူး ။ ဖ၇ီဒါကတော့ သူမရဲ့ 
အခြေအနေအားလုံးကို အရှိအတိုင်းလက်ခံခဲ့ပြီး တခြားသူတွေလိုပဲ သူမလည်း 
ရှင်သန်ရပ်တည်နေနိုင်ဖို့ အပတ်တကုတ်ကြိုးစားခဲ့ပါတယ် … ခုလို သူမရဲ့ စိတ်ဆန္ဒ
ပြင်းပြမှုရဲ့ နောက်ကွယ်က စေ့ဆော်တွန်းအားပေးခဲ့တာကတော့ သူမရဲ့ အမေပါပဲ .. 

သူမဟာ မကြာခင်မှာပဲ ကိုယ်တိုင် အစားစာနိုင်လာသလို ၊ တခြားကလေးတွေလို ဆော့ကစားခြင်းများအပြင် အပ်ချုပ်ခြင်း ၊ ဇာထိုးခြင်း တို့ကိုပါ လုပ်နိုင်ခဲ့ပါတယ် ။ 
ဒါတွေအပြင် အလွန်အံ့သြစရာကောင်းတဲ့ ထူးခြားချက်တစ်ခုကတော့ သူမရဲ့ ပုခုံး နဲ့ 
မေးစေ့ကြားမှာ ဘောလ်ပင်ကိုညှပ်ပြီး ရှင်းလင်းသေသပ်စွာ စာရေးသားနိုင်တဲ့အပြင် ၊ 
စာစီစာကုံး၊ ၀တ္ထုတိုပြိုင်ပွဲများတွင်လည်း ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပါတယ် ။ ဖရီဒါ ရဲ့ သွားလာလှုပ်ရှားနိုင်မှုက အကန့်အသတ်နဲ့သာဖြစ်လို့ နေ့စဉ် သူမကျောင်းသွားတဲ့အခါတိုင်း သူမအမေကိုယ်တိုင် ချီပြီးလိုက်ပို့တယ်။ အပြန်မှာတော့ သူမရဲ့ အစ်ကို နဲ့ အစ်မတို့က 
ပြန်ခေါ်လာရတယ် ။

ဖရီဒါ ပွတ်ရှ်ကင့် နှင့် သူ့အမေ
 
 1933 ခုနှစ်တွင် ကမ္ဘာတလွှားမှ ထူးထူးဆန်းဆန်းအကြောင်းအရာများကို ရှာဖွေ
ရေးသားလေ့ရှိတဲ့ ရောဘတ် ရစ်ပလေ ဟာ ဖရီဒါ ရဲ့အကြောင်းကိုကြားပြီး သူမ နဲ့ 
သူမမိသားစုကို လာရောက်တွေ့ဆုံခဲ့တယ် ။ဒီနောက်မှာတော့ သူ့ရဲ့ နိုင်ငံကျော်
ကာတွန်းစာအုပ်မှာ သူမရဲ့အကြောင်းကို "ခန္ဒာကိုယ် တစ်ဝက်သာရှိသော မိန်းကလေး
ဆိုတဲ့ နာမည်နဲ့ ဖေါ်ပြခဲ့ပါတယ် ။ ဒါ့အပြင် ရစ်ပလေ က သူမကို ချီကာဂို မှာကျင်းပတဲ့ 
၁၉၃၃ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲကို လာရောက်ဖို.လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
 
ရောဘတ် ရစ်ပလေ 

 



No comments:

Post a Comment

တစ်ခုခုပြောခဲ့ပါအုန်း