ရန်ကုန်မြို့အား ပိုမိုရေပေးဝေမှု အတွက် အကြို လေ့လာမှု လုပ်ငန်း ပြုလုပ်ရန် မြို့တော် စည်ပင်နှင့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများ MoU လက်မှတ် ရေးထိုးခဲ့


ရန်ကုန်မြို့ရှိ ပြည်သူ လူထုတွေကို အနာဂတ်မှာ ရေပိုမို ပေးဝေနိုင်ဖို့ အကြို လေ့လာမှု လုပ်ငန်းများ လုပ်ဆောင်ဖို့ အတွက် ရည်ရွယ်ပြီး ရန်ကုန် မြို့တော်
စည်ပင် သာယာရေး ကော်မတီနဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီများရဲ့ နားလည်မှု စာချွန်လွှာ MoU လက်မှတ် ရေးထိုးမှုကို နိုဝင်ဘာလ ၁၆ ရက်နေ့က Park Royal ဟိုတယ်မှာ ပြုလုပ်ခဲ့ ပါတယ်။ ဒီလို MoU လက်မှတ် ရေးထိုး ရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနဲ့ ရွှေတောင် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်၊ ကိုရီးယား နိုင်ငံမှ K. water ကုမ္ပဏီ၊ တရုတ်နိုင်ငံမှ ချန်ဒူလောင်ရှန် ရင်းနှီးမြှုပ်နှံမှု စက်မှု လုပ်ငန်းနဲ့ တရုတ် နိုင်ငံတကာ ဆောက်လုပ်ရေး ကော်ပိုရေးရှင်း ကုမ္ပဏီ လီမိတက်တို့ အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

 အခုလို နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး ပြီးနောက် အကြို လေ့လာမှု လုပ်ငန်းတွေကို ကုက်္ကိုဝ မြစ်ရေတင် စီမံကိန်း၊ ကွေ့တန်းရှည်၊ လှိုင်မြစ်ရေတင် စီမံကိန်း၊ သီလ၀ါ၊ ဒဂုံ၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အစရှိတဲ့ စီမံချက် တွေနဲ့ ပတ်သက်ပြီး ဖြစ်မြောက် နိုင်စွမ်းရည် လေ့လာ နိုင်ခြင်း အတွက် MoU လက်မှတ် ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။ အခု ရေးထိုးခဲ့တဲ့ MoU လက်မှတ် ရေးထိုးမှုဟာ အဆိုပါ နေရာတွေမှာ အကြို လေ့လာမှု လုပ်ငန်းများ ပြုလုပ်ဖို့ အတွက်သာ လက်မှတ် ရေးထိုး ထားတာ ဖြစ်ပါတယ်။ ဒီလို အကြို လေ့လာမှု လုပ်ငန်းများ ပြုလုပ်ပြီး မှသာ နောက်ပိုင်းမှာ အနာဂတ် ရေပေးဝေရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

Post a Comment

တစ်ခုခုပြောခဲ့ပါအုန်း