ဆံပင်ကျွတ်ရသော အကြောင်းရင်း
အမျိုးသား အများစု ဆံပင် ဆုံးရှုံး
တတ်ကြတာရဲ့ ၉၅ ရာခိုင်နှုန်းလောက်
ဟာ မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တာ
ဖြစ်တတ်ပါတယ်။ ဆေးကုသမှု
ခံယူနေရတဲ့သူတွေ၊ ဗီတာမင်အေ လွန်ကဲတာနဲ့ ပရိုတင်းဓာတ် မလုံလောက်သူတွေမှာ ဆံပင် ကျွတ်တတ်ကြပါတယ်။
နာမကျန်းဖြစ်တာနဲ့ ဖိစီးမှုတွေကလည်း ဆံသား ဆုံးရှုံးစေတဲ့
အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတစ်ယောက် အသက် ၅၀
ကျော်လာရင် ၈၅ ရာခိုင်နှုန်းလောက်ကတော့ ဆံပင် ကျွတ်လာတတ်ပါတယ်။
တချို့ဆိုရင် အသက် ၂၀ ကျော်ကတည်းက ဆံပင်ကျွတ်တဲ့ ပြဿနာကို
ရင်ဆိုင်ကြရတတ်ပါတယ်။
ဆံသားကို ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း
ခေါင်းမကြာခဏ ဖြီးတာ၊ ဆံပင်ကို လက်နဲ့ ခဏခဏ ပွတ်သပ်တာ၊ ဆံပင်ကို
စည်းနှောင်တာနဲ့ ဆံပင်ပုံစံ အမျိုးမျိုး ပြောင်းလဲတာတွေကြောင့် ဆံပင်
ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ ဆံသားကို ကြမ်းတမ်းစွာ ပွတ်သပ်တာကြောင့် ဆံသား
ပျက်စီးစေတတ်ပါတယ်။
ဆေးလိပ်သောက်ခြင်း
လေ့လာမှု အမျိုးမျိုးတွေအရ ဆေးလိပ်သောက်တာနဲ့ ဆံပင်ကျွတ်တာဟာ ဆက်စပ်မှု
ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ သင်က ဆေးလိပ်သောက်တတ်သူ ဖြစ်နေပြီး ဆံပင်လည်း
ကျွတ်တယ်ဆိုရင် ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။ ဆေးလိပ်သောက်တာကြောင့်
အရေးကြောင်းဖြစ်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေပါတယ်။
ဆံပင်ကို ဂရုစိုက်မှု မရှိခြင်း
အမျိုးသားတချို့က ဆံပင်နဲ့ ဦးရေပြားကို ဂရုစိုက်မှု နည်းတတ်ကြပါတယ်။
သင့်ဆံပင်က ဘယ်လိုပုံစံလဲ။ ဦးရေပြား ခြောက်သွေ့သူလား၊ အဆီပြန်သူလား၊
ပုံမှန်လား ဆိုတာကို သိထားတတ်တဲ့သူ ရှားပါတယ်။ ဒါကြောင့် သင့်ဆံပင်ပုံစံနဲ့
လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ဖို့လည်း မသိတတ်ကြပါဘူး။
သင့်အတွက် သင့်ဆံပင်ပုံစံကို သိဖို့ အခက်အခဲရှိနေရင် အောက်ပါအချက်တွေကို
လေ့လာကြည့်ပါ။
သင့်ဆံပင်ပင်ပုံစံ
ခေါင်းလျှော်ပြီး နောက်တစ်ရက်မှာ သင့်ဆံပင်တွေက ခြောက်သွေ့
ဖွာလန်နေတာမျိုး နောက်တစ်ရက်တောင် မဟုတ်ဘဲ ခေါင်းလျှော်ပြီးချိန်မှာ
ခြောက်သွေ့ ကြမ်းတမ်းနေတာမျိုး ဆိုရင် သင့်ဆံပင်ဟာ ခြောက်သွေ့တဲ့ထဲမှာ
ပါပါတယ်။ ဒီလိုမမဟုတ်ဘဲ ဆံပင်သားဟာ ခေါင်းလျှော်ပြီးချိန်မှာ
ပုံမှန်ဖြစ်နေပြီး နောက်တစ်ရက်မှာတော့ စေးကပ်နေတယ် ဆိုရင်တော့
အဆီထွက်တတ်တဲ့ ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။ ဘယ်လိုမှ
ပြောင်းလဲမှုမရှိတဲ့ ဆံသားကတော့ ပုံမှန် ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။
ဒါ့အပြင် သင့်ဆံသား အထူအပါးပေါ် မူတည်ပြီး ခေါင်းလျှော်ရည်ကို ရွေးချယ်
အသုံးပြုပေးပါ။
ကျန်းမာတဲ့ နေထိုင်မှုပုံစံ ရှိပါစေ
အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံသား ဆုံးရှုံးတတ်ကြပါတယ်။
ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ ပုံမှန် ဆံပင်ကျွတ်တာလောက်ပဲ
ဖြစ်တတ်ပါတော့တယ်။ အမျိုးသားတွေ အနေနဲ့ကတော့ စိတ်ဖိစီးမှု၊
စိုးရိန်ပူပန်မှုတွေနဲ့ အစားအသောက် မမှန်တာ၊ ဆေးလိပ်သောက်တာ၊ ရေသောက်နည်းတာ၊
အရက် အလွန်အကျွံ သောက်တာနဲ့ တခြား အာဟာရ ချို့တဲ့တာတွေကြောင့်
ဖြစ်တတ်ပါတယ်။ ဒါကြောင့် အာဟာရမျှတဲ့ အစားအစာကို နေ့စဉ် စားသုံးပေးပြီး
မနက်စာကို ပုံမှန် စားသုံးပေးပါ။
အရက် သောက်တတ်သူတွေ အနေနဲ့ ရေများများ သောက်ပေးဖို့ လိုပါတယ်။
ကိုယ်လက်လှုပ်ရှား အားကစား တစ်ခုခုကို ပုံမှန် ပြုလုပ်ပေးရင်း
သန့်ရှင်းတဲ့လေကို ရှူတာမျိုး ပြုလုပ်ပေးပါ။ မိသားစုနဲ့အတူ ပျော်ရွှင်စွာ
နေထိုင်တာမျိုးဟာလည်း စိတ်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်မျိုးကို
ထွက်စေတာကြောင့် စိတ်ဖိစီးမှုနဲ့ ပင်ပန်း နွမ်းနယ်မှုတွေကို
ပြေပျောက်စေပါတယ်။
ဦးရေပြားကို စစ်ဆေးပါ
ပုံမှန် သန့်ရှင်းမှုရှိပြီး မှန်ကန်တဲ့ စားသောက် နေထိုင်မှုပုံစံ
ရှိနေတာတောင် ဆံသားဆုံးရှုံးမှု ရှိနေတယ်ဆိုရင် သင့်ဦးရေပြားကို
စစ်ဆေးပေးဖို့ လိုပါတယ်။ အရေပြား ဆရာဝန်ဆီမှာ ဦးရေပြား စစ်ဆေးမှု ခံယူပြီး
လိုအပ်တဲ့ ဆံပင်ပေါက်ဆေးတွေကို လိမ်းပေးဖို့ လိုပါတယ်။
ဦးရေပြား သန့်စင်ပေးတာမျိုး၊ သင်သောက်နေတဲ့ တချို့ ဆေးဝါးတွေကြောင့်
ဆံပင် ဆုံးရှုံးတာဆိုရင် ဆေးတွေကို ပြောင်းလဲတာမျိုး
ပြုလုပ်ပေးရပါမယ်။

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း