ဗြိတိသျှလူမျိုးတို့၏ လက်ဖက်ရည်သောက်သည့် အကျင့်သည် ဆီးချိုရောဂါ
အမျိုးအစား (၂) ကို လျှော့ပါးစေသော်လည်း တစ်ရက်လျှင် အနည်းဆုံး လက်ဖက်ရည်
လေးခွက်နှင့်အထက် သောက်မှသာ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ
ဒူဆဲလ်ဒေါမ် တက္ကသိုလ်မှ သုတေသီအဖွဲ့၏ တင်ပြချက်အရ သိရသည်။
ဗြိတိသျှလူမျိုးတို့၏ ဓလေ့အရ တစ်ရက်
လက်ဖက်ရည် လေးခွက်သောက်လျှင်
ထိုရောဂါမျိုးဖြစ်နိုင်ရန် ရာခိုင်နှုန်း ၂၀ လျော့ပါးကြောင်း တွေ့ရသည်
ဟုဆိုသည်။ ဥရောပလူမျိုးများ၏ ဓလေ့အရ လက်ဖက်ရည် သောက်သုံးမှုတွင်
စပိန်နိုင်ငံသည် ပျမ်းမျှအရ တစ်ခွက်မျှမသောက်ဘဲ အင်္ဂလန်တွင်
လေးခွက်သောက်ကြောင်း တွေ့ရသည် ဟုဆိုသည်။
ဆီးချို အမျိုးအစား အမှတ် (၂) ဖြစ်ရန် ကိုယ်ခန္ဓာဝဖြိုးမှုသည်
အကြောင်းရင်း တစ်ခုဖြစ်ကြောင်း တွေ့ရသည်။ လက်ဖက်ရည်တွင် ပိုလီဖီနော
ပါဝင်နေမှုကြောင့် ဘီတာဆဲလ်များနှင့် ဖရီးရေဒီကဲလ်များကို
ကာကွယ်ပေးရာရောက်ကြောင်း သိရသည်။ ဥရောပ ရှစ်နိုင်ငံမှ ဆီးချို အမှတ် (၂)
အမျိုးအစားရှိသော လူ ၁၂၄၀၃ ဦးအား ၂၆ ဌာနခွဲ၍ သုတေသန ပြုထားကြောင်းလည်း
သိရသည်။
Internet/NWE/AMW
By Yangon Times Journal
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း