Almond ဟုခေါ်သော အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည်
ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို သိသာစွာ
လျှော့ချနိုင်ကြောင်း အမေရိကန် သုတေသီများ၏ နောက်ဆုံး သုတေသနရလဒ် တစ်ခုအရ
တွေ့ရှိ အတည်ပြုနိုင်ခဲ့သည်။ Al…mond ခေါ် အခွံမာသီး အဆန်များဆိုသည်မှာ
ချောကလက်များတွင် ပါရှိတတ်သော ဆိမ့်သည့် အရသာ ရှိသော အဆန်များ ဖြစ်သည်။
ရက်သတ္တ ၁၆ ပတ်ကျော် ကြာမြင့်ခဲ့သော အဆိုပါ သုတေသနတွင် ပါဝင်
အစမ်းသပ်ခံသူများသည် တစ်နေ့တာ အစားအသောက်အားလုံး၏ ၂၀% အဖြစ် အခွံမာသီး
အဆန်များအား စားသုံးခဲ့ကြသည်။ ၄င်းတို့၏ သွေးတွင်းရှိ LDL-cholesterol ခေါ်
မကောင်းသော ကိုလက်စထရော အဆီဓာတ်များ သိသာစွာ ကျဆင်းသွားပြီး ဆီးချို
ဖြစ်စေမှုကို ကာကွယ်ပေးသော အင်ဆူလင် ဟော်မုန်း၏ စွမ်းရည် (insulin
sensitivity) ကိုပါ အထူးကောင်းမွန်စေကြောင်း သိပ္ပံနည်းကျ စမ်းသပ် အတည်ပြု
နိုင်ခဲ့သည်။ ထိုသို့သော အရည်အသွေး အာနိသင်များကြောင့် အခွံမာသီး အဆန်များ
ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ
ရောဂါများကို ကာကွယ်ရာ ရောက်စေသည်ဟု အမေရိကန် ကျန်းမာရေး ပညာရှင်များက
ပြောပြခဲ့သည်။
ယခုတွေ့ရှိချက် ရလဒ်နှင့် ပတ်သက်၍ နာမည်ကျော် အမေရိကန် ကျန်းမာရေး
မီဒီယာတစ်ခုဖြစ်သော Hive Health Media မှ “ယနေ့ခေတ်တွင် အမေရိကန်
နိုင်ငံသားများထဲမှ ၁၆ သန်းသည် ဆီးချိုရောဂါ ၀င်တော့မည့် အနေအထား ရှိနေပေရာ
Almond အဆန်များကို ပုံမှန် အစားအသောက်ထဲတွင် နေ့စဉ် ထည့်စားပေးခြင်းဖြင့်
ဤအနေအထားကို တားဆီးကာကွယ်နိုင်မည်ဟု မျှော်လင့်ပါသည်” ဟု ၄င်းတို့၏
ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း