ဖရဲသီးသည် ဆေးဖက်ဝင် ဓာတ်စာ တစ်မျိုးဖြစ်သည်။ နွေရာသီတွင် စားသုံး
မှီဝဲလျှင် ရေငတ်ပြေစေ၏။ အပူရှပ်ခြင်း ပျောက်၏။ ဆီးရွှင်စေ၏။ နွေရာသီတွင်
ပူအိုက်လွန်း၍ ချွေးအထွက်များတတ်ရာ ခန္ဓာကိုယ်အတွင်း၌ ဆုံးရှုံးသွားသော
ရေဓာတ်ကို ဖရဲသီးက ကောင်းစွာဖြည့်တင်းပေးနိုင်၏။ သို့ရာတွင် ဖရဲသီးကို
ထမင်းစားပြီးမှ စားသင့်သည်။
ထမင်းမစားမီစားလျှင် အစားပျက်၏။ အစာမကြေ ဖြစ်တတ်ပါသည်။
ဖရဲသီးသည်ဘက်လိုက်တတ်သော ဓာတ်စာဖြစ်ရာ အပူသမား စားလျှင် ပိုပူသွားနိုင်သလို
အအေးသမားစားလျှင် ပိုမိုအေးသွားနိုင်သော သဘောရှိ၍
ဆင်ဆင်ခြင်ခြင်စားသုံးမှီဝဲကြရပါမည်။
ကေတီအောင်သိန်း(ရန်ကုန်တက္ကသိုလ်)

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း