အမျိုး သမီးများ သွေးဆုံး ခြင်း (Menopause) ဆို သည်မှာ ပုံမှန် ရာသီသွေး
အနည်းဆုံး (၁) နှစ်ထိ ရပ်ဆိုင်း သွားခြင်း ကို ခေါ်ဆို ပါတယ်… များသော
အားဖြင့် သွေးဆုံး ခြင်းဟာ အသက် ၄၅ မှ ၅၅ နှစ် အတွင်း ဖြစ်ပေါ် လေ့ ရှိပြီး
ပျမ်းမျှ အားဖြင့် ၅၁ နှစ် ဖြစ်ပါတယ်။
အချို့ အမျိုး သမီး များတွင် စော၍ ဖြစ်ပေါ် တတ်ပြီး အချို့မှာ နောက်ကျ တတ်
ပါတယ်… အကြမ်း ဖျင်း ဆိုရ ပါက မိခင်၏ သွေးဆုံး ချိန် နဲ့လည်း တူညီ တတ်
ပါတယ်…
သွေးဆုံး ခြင်းဟာ ရောဂါ တစ်ခု မဟုတ်ပဲ အမျိုး သမီးတိုင်း အချိန်တန် လျှင်
ကြုံတွေ့ ရမယ့် ခန္ဓာ ကိုယ်ရဲ့ ဇီဝ ကမ္မ ပြောင်းလဲမှု ဖြစ်စဉ် တစ်ရပ်သာ
ဖြစ်ပါတယ်… သွေးဆုံး လျှင် ခန္ဓာ ကိုယ်တွင်း ရှိ မျိုးဥအိမ် (Ovaries)
လုပ်ငန်း များ လုံးဝ ရပ်ဆိုင်း သွားခြင်း ပဲဖြစ် ပါတယ်။
အမျိုး သမီးများ ရှိ မျိုးဥ အိမ်ဟာ သားအိမ် ၏ ဘေးတစ်ဖက် တစ်ချက် စီမှာ
ရှိပြီး အရွယ် နဲ့ ပုံသဏ္ဍာန် မှာ မက်မွန် သီး နှင့် ဆင်တူ ပါတယ်… မျိုးဥ
အိမ်မှ လစဉ် မမျိုးဥ (ova) ထုတ်လုပ် ပေးပြီး မ,ဟော်မုန်း အီစထ ရိုဂျင်
(Estrogen) ကို ပုံမှန် ထုတ်ပေး ပါတယ်။
အီစထ ရိုဂျင် ဟော်မုန်း ဟာ အမျိုး သမီးများ အတွက် အရေး ပါတဲ့ ဟော်မုန်း
တစ်မျိုး ဖြစ်ပြီး အမျိုး သမီး သဘာဝ အချိုး အစား၊ လစဉ် ရာသီသွေး ဖြစ်စဉ်၊
ကိုယ်ဝန် ဆောင်ခြင်း တို့တွင် အီစထ ရိုဂျင် က ထိန်းချုပ် လုပ်ဆောင်
ပေးပါတယ်… ဒါ့ပြင် အီစထ ရိုဂျင် က အရိုးကို ပါးလွှာ ခြင်း မရှိ အောင်လည်း
ကာကွယ် ပေး ပါတယ်…
ရောဂါ တစ်မျိုးမျိုး ကြောင့် မျိုးဥအိမ် နှစ်ခု လုံး ဖြတ်ထုတ် လိုက်ရ ပါက
လည်း ခွဲစိတ် မှုကြောင့် သွေးဆုံး ခြင်း (Surgical Menopause) ဖြစ် ပေါ်စေ
ပါတယ်.. လူအများ ထင်မှတ် မှားတဲ့ အကြောင်း တစ်ခု ကတော့ ရောဂါ အခြေ အနေ
တစ်ခုခု ကြောင့် သားအိမ် ထုတ်ရ လျှင် သွေးဆုံး ပြီဟု ယူဆ ခြင်းပဲ
ဖြစ်ပါတယ်။
အမှန်မှာ သားအိမ် ချည်း သက်သက် ထုတ်ရပြီး မျိုးဥ အိမ် ကျန်ရှိ နေလျှင်
သွေးဆုံး ခြင်း ဖြစ်စဉ် မရောက် ရှိပဲ ရာသီ သွေး မပေါ်တာ ပဲရှိ ပါတယ်… မျိုးဥ
အိမ်မှ အီစ ထရိုဂျင် ကို ဆက်လက် ထုတ်ပေး နေလို့ သွေးဆုံး ခြင်း လက္ခဏာ များ
မခံ စားရပါ…
သွေးဆုံး ခြင်းဖြစ် လျှင် ပေါ်ပေါက် လာမယ့် လက္ခဏာ များမှာ
o မျက်နှာ နဲ့ ခန္ဓာ ကိုယ် တစ်ခု လုံး ပူနွေး ရှိန်းဖိန်းမှု (Hot Flash) ဖြစ်ပေါ် ခြင်း
+ ပူနွေး ရှိန်းဖိန်း မှုဟာ ခန္ဓာ ကိုယ် တစ်ခုလုံး အထူး
သဖြင့် ခေါင်းနဲ့ ရင်ဘတ် မှာ သိသိသာသာ ဖြစ်ပေါ် တတ်ပြီး စက္ကန့် ၃၀ မှ မိနစ်
အတန် ကြာထိ ဖြစ်ပေါ် တတ်ပါတယ်။
ပြီးရင် ချွေးထွက် လာတတ် ပါတယ်… ဒီလို ပူနွေး ရှိန်းဖိန်း ဖြစ်မှု ဟာ
အမျိုး သမီး များရဲ့ ၄၀ % ဖြစ်ပေါ် တတ်ပြီး ဖြစ်ပွားသူ အားလုံး ရဲ့ ၈၀% ဟာ
၅နှစ် ကြာထိ ဆက်လက် ဖြစ်ပေါ် တတ်ပါတယ်… ၁၀% ခန့် အမျိုး သမီးများ ကသာ
၁၀နှစ်ထိ ဒီလို လက္ခဏာ ရှိနေ တတ်ပါတယ်။
ဒီလို ဖြစ်ရတာကို တိတိ ကျကျ မသိ သေးပေမယ့် ခန္ဓာ ကိုယ်မှ အီစထ ရိုဂျင်
ထုတ်လုပ်မှု ကျဆင်း ခြင်းကြောင့် သွေးတွင်း ဟော်မုန်းနဲ့ ဇီဝဓာတု အနည်း
အများ မတည် ငြိမ်မှု (Hormonal and Biochemical Fluctuations) ကြောင့်
ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။
o ညပိုင်း ချွေးထွက် မှုများ လာခြင်း (Night Sweats)
+ သွေးဆုံး ပြီးသူ များတွင် ညပိုင်း ချွေးထွက် ခြင်း
ဖြစ်ပေါ် တတ်ပါတယ်.. ချွေးထွက် များတာ ကြောင့် အိပ်ယာမှ ရုတ်တရက် နိုးလာ
တတ်ပြီး ပြန်အိပ် ပျော်ရန် ခက်ခဲ တတ်ပါတယ်… နောက်နေ့ နေ့လည် ဖက်တွင်
မောပန်း နွမ်းနယ် တတ်ပါတယ်။
o ယောနိ လမ်းကြောင်း တစ်လျှောက် ပြောင်းလဲ မှုများ ဖြစ်ပေါ်ခြင်း
+ သွေးဆုံး ပြီးနောက် ယောနိ လမ်းကြောင်း တစ်လျှောက် နံရံ
တစ်သျှူး များ ပါးလွှာ ခြောက်သွေ့ လာပြီး လိင် ဆက်ဆံ ရာတွင် အဆင် မပြေ
နာကျင်မှု၊ ယောနိ လမ်းကြောင်း ပိုးဝင်မှု လွယ်ကူ လာခြင်း တို့ ဖြစ်ပေါ်
တတ်ပါတယ်…
o ဆီးလမ်း ကြောင်းတစ် လျှောက် ပြောင်းလဲ မှုများ ဖြစ်ပေါ်ခြင်း
+ ဆီး လမ်းကြောင်း တစ်လျှောက် တွင်လည်း နံရံ တစ်သျှူး များ
ပါးလွှာ ခြောက်သွေ့ လာပြီး ဆီးလမ်း ကြောင်း ပိုးဝင် လွယ်ခြင်း၊ ဆီးမထိန်း
နိုင်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်။
စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှု
+ အမျိုး သမီး အများစု မှာ သွေးဆုံး ပြီးနောက် စိတ်တို
စိတ်ဆတ် လွယ်ခြင်း၊ စိတ်အလို မကျမှု များလာခြင်း၊ မောပန်း နုံးခွေ လာခြင်း၊
မှတ်ဥာဏ် ပိုင်းဆိုင်ရာ အားနည်း မှုဖြစ် လာခြင်း စတဲ့ စိတ်ပိုင်း ဆိုင်ရာ
ပြောင်းလဲ မှုများ ဖြစ်ပေါ် လာတတ် ပါတယ်.. ဒီလို ဖြစ်ရ တာဟာ ဟော်မုန်း
ပြောင်းလဲ မှုကြောင့် ဆိုပြီး တိတိ ကျကျ ပြောရ ခက်ပါတယ်။
သွေးဆုံး တာဟာ ဘ၀ မှာ ပြောင်းလဲ မှုတစ် ခုအဖြစ် ယူဆလို့ စိုးရိမ် ပူပန်ပြီး
စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲ မှုများ ဖြစ်နိုင် ကြောင်း ပြောဆို ထားပါတယ်…
သွေးဆုံး ပြီးပါက အီစထ ရိုဂျင် လျော့ကျ မှုကြောင့် အရိုးပွ ခြင်း
(Osteoporosis) လည်း တဖြည်းဖြည်း ဖြစ်ပေါ် လာပါတယ်… အရိုးပွ ခြင်းဟာ ပြင်ပ
ရောဂါ လက္ခဏာ မပြသ ပဲ သာမန် ထိခိုက် မှုနဲ့ပင် အရိုး ကျိုးလွယ် နိုင်သော အခြေ
အနေ ရှိပါတယ်…
သွေးဆုံး လက္ခဏာ ခံစား ရမှု များကို သက်သာ စေရန် ကုသမှု နည်းလမ်း အမျိုးမျိုး
တို့ဖြင့် သုံးစွဲ ရာမှ ၎င်း တို့၏ အကျိုး အပြစ် များကို ဖော်ပြ ပေးပါမယ်…
ဟော်မုန်း အစား ထိုးကု သခြင်း (Hormone Replacement Therapy) နည်းလမ်း ဟာ
သွေးဆုံး လက္ခဏာ များ အလွန် ပင် သက်သာ ကောင်းမွန် တဲ့ အတွက် အရင် က ကျယ်ကျယ်
ပြန့်ပြန့် သုံးစွဲ ခဲ့ပါတယ်… အီစထ ရိုဂျင် တစ်မျိုး တည်း ပါတဲ့ ကုသနည်း၊
အီစထ ရိုဂျင် နဲ့ ပရို ဂျက်စ ထရုန်း (Progesterone) နှစ်မျိုး ပါတဲ့
ကုသနည်း ဆိုပြီး သုံးစွဲ ကြပါတယ်… သုံးစွဲ သူ များစွာ ကို အချိန် ယူ လေ့လာ
ကြည့်တဲ့ အခါ အီစထ ရိုဂျင် တစ်မျိုး တည်း ပါတဲ့ ကုသ နည်း ကို သုံးစွဲ
သူများ ဟာ မသုံး စွဲသူ များထက် လေဖြတ် ခြင်း နဲ့ သားအိမ် မထုတ် ပဲ ရှိနေ
သူများ မှာ သားအိမ် ကင်ဆာ (Endometrial Carcinoma) ပိုမို ဖြစ်ပွား မှုရှိ
ကြောင်း တွေ့ရှိ ရပါ တယ်။
အီစထ ရိုဂျင် နဲ့ ပရို ဂျက်စ ထရုန်း နှစ်မျိုး ပါတဲ့ ကုသနည်း သုံးစွဲ
သူများ မှာတော့ နှလုံး ရောဂါ၊ လေဖြတ် ရောဂါ နဲ့ ရင်သား ကင်ဆာ ဖြစ်ပွား
မှုများ ကြောင်း လေ့လာ တွေ့ရှိ ရပါတယ်… ဒါ့ကြောင့် ဟော်မုန်း ကုသ မှု ခံယူ
သူများ အနေ ဖြင့် မခံ ယူမီ ဆေးစစ် ဆေးမှု ကို သေချာ စွာ ပြုလုပ် ရန် လိုအပ်
ပြီး ဆေး ပမာ ဏ ကိုလည်း အနည်း ဆုံး နဲ့ အချိန် အနည်း ဆုံး သုံးစွဲ သင့်
ပါတယ်…
သန္ဓေ တားဆေး ကဒ် များကို လည်း သွေးမ ဆုံးမီ သွေးဆင်း မမှန် မှုနဲ့ သွေးဆုံး
လက္ခ ဏာများ သက်သာ စေရန် အတွက် သုံးစွဲ ကြပါ တယ်… ဆေးကဒ် သုံးခြင်း ဖြင့်
ပူနွေး ရှိန်းဖိန်း မှု သွေးဆုံး လက္ခ ဏာကို သက်သာ စေသလို သန္ဓေ ကိုလည်း
တားပြီး ဖြစ်စေ ပါတယ်… အခု နောက်ပိုင်း မှာတော့ ယောနိ တွင်းသို့ အီစထ
ရိုဂျင် ဆေးကွင်း၊ ဆေးပြား နဲ့ လိမ်းဆေး တို့ကို တိုက်ရိုက် ထည့်သွင်း
သုတ်လိမ်း သုံးစွဲ ကြပါတယ်…
နောက် တစ်မျိုး ကတော့ ခန္ဓာ ကိုယ်တွင်း ရှိ အီစထ ရိုဂျင် နဲ့ ဓာတု ဖွဲ့စည်း
ပုံ၊ အာနိ သင်ပါ တူညီ ပြီး အပင် များတွင် တွေ့ရ တဲ့ ဖိုင်တို အီစထ ရိုဂျင်
(Phytoestrogens) များပင် ဖြစ်ပါတယ်… ဒါပေမယ့် အီစထ ရိုဂျင် အာနိ သင်ချင်း
နှိုင်းယှဉ် ပါက လွန်စွာ နည်းပါး ပါတယ်… ဒါ့ကြောင့် ရင်သား ကင်ဆာ ခံစား ရသူ
များ၊ အီစထ ရိုဂျင် သုံးစွဲ ရန် မသင့် တော်သူ များ သဘာဝ ဖိုင်တို အီစထ
ရိုဂျင် ပါဝင် တဲ့ အစား အစာ များကို စားသုံး ခြင်းဖြင့် သွေးဆုံး လက္ခဏာ
များကို သက်သာ စေနိုင် ပါတယ်… ဖိုင်တို အီစထ ရိုဂျင် ပါဝင် တဲ့ အစား အစာ
များက တော့ ပဲပုတ်၊ ကုလားပဲ၊ ပဲနီလေး အစ ရှိသဖြင့် ဖြစ်ပါတယ်… လက္ခဏာ
များကို များစွာ မသက်သာ စေသော်လည်း ဗိုက်တာ မင်အီး တစ်နေ့ ၄၀၀ ယူနစ် ထက်
မပို စေပဲ သုံးစွဲ နိုင်ပါတယ်။
အခြား ဆေးဝါး များဖြစ်တဲ့ Antidepressants (SSRIs) ဆေးများ ဟာလည်း ပူနွေး
ရှိန်းဖိန်း ဖြစ်ပွား မှုကို အမျိုး သမီး ၆၀ % ခန့်တွင် သက်သာ မှုရှိ ကြောင်း
တွေ့ရှိ ရပါတယ်… ၎င်း ဆေးများ မှာ Citalopram (Celexa, Citopam), Venlafaxine
(Effexor), Fluoxetine (Prozac), Paroxetine (Paxil) စသည့် ဆေးများ
ဖြစ်ပါတယ်… Anti-seizure drug {Gabapentin (Gabantin, Neurontin)},
Anti-hypertensive drug {Clonidine (Catapres)} ဆေးများ ဟာလည်း ပူနွေး
ရှိန်းဖိန်း မှုကို သက်သာ စေလို့ ဆရာဝန် ရဲ့ ကြီးကြပ် ညွှန်ကြား မှုနဲ့
သုံးစွဲ နိုင်ပါတယ်… ဆေးဖက် ၀င် အပင် များမှ ဖော်စပ် ထားတဲ့ Black Cohosh
ဆေး ကိုလည်း ဥရောပ နဲ့ အမေရိက တွင် လူကြိုက် များ သုံးစွဲ လျက် ရှိပြီး
ပူနွေး ရှိန်းဖိန်း မှုကို သက်သာ စေပါတယ်…
သွေးဆုံး ပြီလျှင် အရိုး ပါးလွှာ မှု ဖြစ်ပွား လာသဖြင့် ကယ်လ် စီယမ်၊ ဗိုက်တာ
မင်ဒီ ပါတဲ့ အစား အစာ များ စားသုံး ရပါမယ်.. အစာ တွင် ၎င်း ဓာတ်များ မလုံ
လောက် ပါက ကယ်လ် စီယမ်၊ ဗိုက်တာ မင်ဒီ ပါတဲ့ ဆေးကို သုံးစွဲ နိုင်ပါတယ်…
အရိုး ပါးလွှာ မှု လျော့နည်း စေရန် အရိုး သန်မာ စေရန် Alendronate (Denfos),
Risedronate (Actonel), Ibandronate (Boniva), Calcitonin (Calcimar),
Teriparatide (Forteo) စသည့် ဆေးများ ကို ဆရာဝန် ညွှန်ကြား သည့် အတိုင်း
သုံးစွဲ နိုင်ပါတယ်… ဆေးလိပ် ဖြတ်ခြင်း၊ အရက် သောက်သုံး မှု လျှော့ချ ခြင်း၊
ကိုယ်လက် လေ့ကျင့် ခန်း မှန်မှန် ပြုလုပ် ခြင်း၊ အာဟာရ ပြည့်ဝ အောင်
စားသုံး ခြင်း စသည့် နေထိုင် စားသုံး မှု ပုံစံ ဖြင့် နေသင့် ကြောင်း ရေးသား
လိုက်ရ ပါတယ်… အားလုံး ရန်သူ မျိုးငါးပါး နဲ့ ဘေးဘယာ အပေါင်းမှ ကင်းဝေး
နိုင်ပါစေ…။

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း