သပိတ်ကျင်းတွင် နျူကလီယား ဓါတ်ပေါင်းဖို မရှိ၍ စိုးရိမ်စရာမရှိဟု သမ္မရုံးပြော

မန္ထလေးတိုင်း
ဒေသကြီးရှိ ငလျင်ဒဏ် ခံရသော သပိတ်ကျင်း မြို့တွင် နျူကလီယား ဓါတ်ပေါင်းဖို
တည် ဆောက်ထားခြင်း လုံးဝ မရှိ၍ စိုးရိမ်စရာ မရှိကြောင်း နိင်ငံတော်သမ္မတ
ရုံးညွန်ကြားရေးမှု ဦးဇော်ဌေးမှ ပြောကြားသည်။
မိုးကုတ်နှင့် ထီချိုင့်၊ မှ ဒေသခံ တစ်ချို့ က တပ်မတော်အစိုးရ လက်ထက်တွင်
သပိတ်ကျင်းတွင် နျူကလီယား စက်ရုံ တည်ဆောက်ထားသည်ဟု သတင်းများ
ထွက်ပေါ်ဖူးကြောင်း ယခုလည်း အင်တာနက် လူမှုရေး စာမျက်နှာ တစ်ချို့တွင်
နျူကလီယား စက်ရုံ ရှိသည်ဆိုပြီး ဖော်ပြမှု ရှိနေ၍ စိုးရိမ်မှုများ
ထွက်ပေါ်နေကြောင်း ပြောဆိုနေမှုများပတ်သက်ပြီး အတည်ပြု မေးမြန်းစဉ် သမ္မတရုံး
ညွန်ကြားရေးမှူးက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။“ပြဿနာ
က မြောက်ကိုရီယား အကူအညီနဲ့ ဆောက်တယ်လို့ သတင်းတွေ ထွက်ခဲ့တော့
ဘာပဲဖြစ်ဖြစ်စိုး ရိမ်တယ် ဦးလေးရှိတဲ့ သပိတ်ကျင်းကို ဖုန်းဆက်လို့ မရ တော့
မနက်က အကို လိုက်သွားတယ်” ထီးချိုင့်မြို့မှ အသက်၄၅ နှစ်အရွယ်
အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကပြောကြား သည်။
တပ်မတော်အစိုးရ
လက်ထက်က ရှရှားနှင့် နျူကလီးယား သုတေသန လုပ်ငန်းအတွက် ဓါတ်ပေါင်းဖို
အသေးတစ်လုံး တည်ဆောက်ရန် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သမ္မဦးသိန်းစိန်
အစိုးရလက်ထက်တွင် နည်းပညာနှင့် ငွေကြေး မတတ်နိုင်သောကြောင့် နျူကလီယား
သုတေသန အစီအစဉ်ကို ဆိုင်းငံထားကြောင်း အမေရိကန် လွှတ်တော် အမတ်
ဂျွန်မက်ကိန်း လာစဉ်က ဒုတိယသမ္မတ သူရသီဟ ဦးတင်အောင်မြင့်ဦး တရားဝင်
နိင်ငံတကာသို့ အသိပေးထားသည်ဟု ဦးဇော်ဌေးကဆိုသည်။
နိဝင်ဘာလ ၁၁ ရက်
၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင် မန္တလေးမြို့ ငလျှင်စခန်းမှ မြောက်ဖက်
၈၂မိုင်ခန့်၊ ရွှေဘိုမြို့ မြောက်ဖက် ၄၅မိုင်ကွာ နေရာကို ဗဟိုပြု၍
အင်အားရစ်ခ်ျတာစကေး ၆ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ရှား
သွားခဲ့သည်။ နံနက် ၇ နာရီ ၅၉ မိနစ် ၅၉ စက္ကန့်တွင် မန္တလေးမြို့ မြောက်ဘက်
၅၉မိုင်၊ ရွှေဘိုမြို့အရှေ့မြောက်ဘက် ၂၃ မိုင်၊ မိုးကုတ်မြို့မှ အနောက်ဘက်
၃၆ မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဖက် ၄မိုင်ခန့် နေရာကို
ဗဟိုပြု၍ အင်အား ရစ်ခ်ျစတာ စကေး ၅ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။
နံနက် ၈ နာရီ ၂၈ စက္ကန့်တွင် မန္တလေးမြို့မှ မြောက်ဖက် ၅၃မိုင်ခန့်
ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့် မိုးကုတ်မြို့မှ အနောက်ဘက် ၄၁
မိုင်ခန့်နှင့် သပိတ်ကျင်းမှ အနောက်တောင်ဘက် ၁၂ မိုင်ခန့် ကို ဗဟိုပြု၍
အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၀ အဆင့်ရှိ ငလျင် တစ်ခု စုစုပေါင်း သုံးကြိမ်
လှုပ်ရှား သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက
သတင်းထုတ်ပြန်ထားသည်။ သပိတ်ကျင်းမြို့တွင် သပိတ်ကျင်း ရဲစခန်းမှ
အဆောက်အအုံ တစ်ခု၏ အုတ်နံရံ ပြိုကျခဲ့ခြင်း၊ ကြာညှပ် ရဲ စခန်း ရိပ်သာနှင့်
ရဲစခန်းရုံး ပြိုကျခဲ့ခြင်းနှင့် အခန်းသုံးခန်းရှိ နံရံနှင့်
အုတ်တိုင်အချို့ အက်ကွဲ ခဲ့သည် ဟု နိင်ငံပိုင် သတင်းစာများတွင် ဖော်ပြ
ပါရှိသည်။
No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း