မြန်မာနိုင်ငံရေး အကောင်းမြင်လွန်းတာမျိုးမဖြစ်သင့်ဟု အိန္ဒိယအစိုးရကို ဒေါ်စုပြော





အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် ပတ်သက်ပြီး အိန္ဒိယအစိုးအနေနဲ့ အကောင်းမြင်လွန်းတာမျိုး မဖြစ်သင့်ဟု အိန္ဒိယခရီးစဉ်မစတင်မီ အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာနှင့် အင်တာဗျူးတွင် သတိပေး ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှ အခြေအနေကို ဘက်ပေါင်းစုံက အသေအချာ လေ့လာအကဲခတ်ဖို့ လိုအပ်ကြောင်း ၊ အကောင်းမြင်တာလွန်ကဲသွားရင် အမှားလုပ်တာကို သတိမမူမိဘဲ ဖြစ်တတ်ကြောင်း အိန္ဒိယအစိုးရကို သတိပေးလိုက်တာပါ။
အောက်တိုဘာ(၁၃)ရက် နေ့လည် (၁၂)နာရီအချိန်တွင် India Airline ဖြင့် နယူးဒေလီမြို့ အင်ဒီရာဂန္ဒီ နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား နယူးဒေလီရောက် မြန်မာအသိုင်းအဝန်းမှ သွားရောက်ကြိုဆိုကြသူတွေရှိပေမယ့် အိန္ဒိယအစိုးရ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်အား အထူးဧည့်သည်တော်တွေသာ ထွက်ခွင့်ရသည့် လေဆိပ်ထွက်ပေါက်မှ ခေါ်ဆောင်သွားခဲ့သောကြောင့် လာကြိုသူများမှ ဒေါ်အောင်ဆန်းစုကြည်အား ပန်းစည်းပေးခွင့် ၊ ကြိုဆိုနှုတ်ဆက်ခွင့် မရခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

တစ်ခုခုပြောခဲ့ပါအုန်း