Skyfall ရုပ်ရှင်ဇာတ်ကား ပေါင် (၅၅) သန်းဖြင့် ၀င်ငွေ စံချိန်တင်

ဂျိမ်းစဘွန်း မင်းသား Daniel Criag ပါဝင်သော Skyfall ရုပ်ရှင် ဇာတ်ကားသည် အမေရိကန် နိုင်ငံ Boxoffice တွင်
အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင် ပြသခဲ့ရာ ယခု ပထမ သီတင်းပတ် အတွင်းတွင်ပင် ၀င်ငွေ ပေါင် ၅၅ သန်း ဒေါ်လာ ၈၇.၈ သန်း ၀င်ငွေ ရရှိခဲ့ကြောင်း သိရသည်။




နိုဝင်ဘာလ (၈) ရက်နေ့ တစ်ရက်တည်းတွင် IMAX နှင့် အခြား ရုပ်ရှင်ရုံကြီးများ၏ ၀င်ငွေ ဒေါ်လာ (၂.၂) သန်းနှင့် ပေါင်းလျှင် စုစုပေါင်း ၀င်ငွေ ဒေါ်လာ သန်း (၉၀)ခန့် ရရှိမည်ဟု စတူဒီယိုမှ ခန့်မှန်းကြောင်း တနင်္ဂနွေနေ့က ပြောကြား ခဲ့သည်။ Skyfall ရုပ်ရှင် ဇာတ်ကားသည် ဂျိမ်းစဘွန်း စုံထောက် ရုပ်ရှင်စီးရီး၏ ၂၃ ကားမြောက် ဖြစ်ပြီး Eco Production မှ ထုတ်လုပ်ကာ MGM Co နှင့် Sony Picture တို့မှ ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် မင်းသား Daniel Craig နှင့်အတူ Javier Bardem ၊Judi Dench ၊ Naomie Harris နှင့် Ben Whishaw  တို့ ပါဝင် သရုပ်ဆောင်ထားသည်။






No comments:

Post a Comment

တစ်ခုခုပြောခဲ့ပါအုန်း