ရွှေဘိုငလျင် အရေးပေါ်ကယ်ဆယ်ကူညီပေးခဲ့သော ဒေသခံပြည်သူများကို သမ္မတကျေးဇူးတင်

ပြင်းအား
၆ဒသမ ၈ ရစ်ခ်ျတာစကေးရှိသော ငလျင်လှုပ်ခတ်အပြီး အရေးပေါ်အခြေအနေတွင်
ချက်ချင်းကယ်ဆယ်ရေးနှင့် အကူအညီများ ပေးခဲ့ကြသော ဒေသခံပြည်သူများကို
ကျေးဇူးတင်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က
သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ကာ ပြောကြားလိုက်သည်။ နိုင်ငံတော်သမ္မတရုံးက
နိုဝင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ငလျင်နှင့်ပတ်သက်သည့်
ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတအနေနှင့် ငလျင် ဒဏ်ကြောင့် ထိခိုက်သေဆုံး
ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော ပြည်သူများနှင့်
ထပ်တူဝမ်းနည်းကြေကွဲကြောင်း ဖော်ပြထားသည်။
သတင်းထုတ်ပြန်ချက်တွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှစ်ခုအတွင်းရှိ
မြို့နယ်ကိုးမြို့နယ်တို့တွင် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ
များပြားခဲ့ပြီး ငလျင်လှုပ်ခတ်ပြီးပြီးချင်း သမ္မတအနေနှင့်ငလျင်လှုပ်ခဲ့သည့်
ဒေသသို့ ကိုယ်တိုင်သွားရောက်ရန် အခြေအနေမပေးသည့်အတွက် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့အား စေလွှတ်ကာ အရေးပေါ်ကယ်ဆယ်ရေးနှင့်အကူအညီပေးနိုင်ရန် ချက်ချင်းစေ လွှတ်တာဝန်ပေးခဲ့ကြောင်း ပြောကြားထားသည်။
ငလျင်ဘေးဒဏ်ခံစားရသူများ ပြန်လည်ထူထောင်ရေးကို ပြည်တွင်းလူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း
အသိပေး ကြေညာထားသည်။ မြန်မာနိုင်ငံတွင် အကြီးမားဆုံးကြုံတွေ့ခဲ့ရသော
ဘေးအန္တရာယ်များဖြစ်သည့် ၂၀၀၈ ခုနှစ်တွင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း
၊၂၀၁၁ခုနှစ်တွင် လှုပ်ခတ်ခဲ့သော တာလေငလျင်တို့နှင့်ပတ်သက်၍ ထိုအချိန်က
အစိုးရအနေနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ
နှောင့်နှေးခဲ့ခြင်းကိုဝေဖန်မှုများ
ရှိခဲ့သည်။ ယခုကဲ့သို့ သဘာဝဘေး အန္တရာယ်ဖြစ်ပြီးပြီးချင်း
နိုင်ငံတော်အကြီးဆုံးတာဝန် ထမ်းဆောင်နေသူများအနက် တစ်ဦးဖြစ်သော
ဒုတိယသမ္မတအနေဖြင့် ငလျင် လှုပ်ရာဒေသများသို့ ချက်ချင်းရောက်ရှိကာ
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်စေခြင်းကို လူအများက
အသိအမှတ်ပြုလျက်ရှိကြသည်။
No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း