အနေအထား ဒါမှမဟုတ် သင်ရဲ့ မွေ့ရာ ကိုချည်းပဲ အပြစ်တင်လို့ မရပါဘူး။
ဆွီဒင် မှ လေ့လာမှုအသစ်အရ နာတာရှည် စိတ်ဖိစီး မှုများ တာဟာ ခါးနောက်ကျော
နာကျင်မှုဖြစ်အောင် လှုံ့ဆော်နိုင်တဲ့ အ ကြီးမားဆုံးအချက်ပါလို့ သိရပါတယ်။
စိတ်ဖိစီး မှုဟော်မုန်း ကော်တီဇော ဟာ ကြွက်သားတွေ ကို ရောင်ရမ်းမှုဖြစ်စေ
တာကြောင့် ကြွက်သားတွေ တင်းမာပြီး ဒဏ်ရာရရှိဖို့ ပိုမို လွယ်ကူစေတယ်လို့ သိ
ရပါတယ်။
ဒါ့အပြင် ခါးနောက်ကျောကြွက်သားတွေဟာ တခြားကြွက်သား တွေ ထက် ကောတီဇော
မြင့်တက်မှုဒဏ် ကို နှစ်ဆခန့် ပိုမိုခံရလေ့ရှိတယ်လို့ ကျွမ်း ကျင်သူတွေ
ဆိုပါတယ်။ ကော်တီဇောကို ထိန်းချုပ်နိုင်အောင် အပူကပ်ပါ
ရေနွေးအိတ်ကပ်တာကြောင့် အိုင်ဗျူ ပရိုဖင် ဒါမှမဟုတ် ပါရာစီတမောလို အ
ကိုက်အခဲပျောက်ဆေး သောက်တာတွေ ထက် နာကျင်မှုဝေဒနာပျောက်ကင်းနှုန်း ၃၃
ရာခိုင်နှုန်း ပိုများတဲ့အပြင် ပြင်းထန် တဲ့လေ့ကျင့်ခန်းမလုပ်မီ တစ်နာရီခန့်
ရေ နွေးအိတ်ကပ်ထားတာကြောင့် ဒဏ်ရာရ နိုင်ခြေ ထက်ဝက်ခန့် လျှော့ချနိုင်ပါ
တယ်။
အပူကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး တစ်သျှူးတွေကို ကော တီဇောမှ
ဖျက်စီးမှုမလုပ်နိုင်ခင်မှာ ကော တီဇောတွေကို ဖယ်ရှားပစ်နိုင်တာကြောင့် လို့
သုတေသီတွေက ရှင်းပြပါတယ်။ အလုပ်ချိန် လျှော့ချပါ
အချိန်ပိုအလုပ်ဆင်းရတာကြောင့် ဖိစီးမှုလှုံ့ဆော်တဲ့ နောက်ကျောနာကျင်
ဝေဒနာဖြစ်နိုင်ခြေ ၆၁ ရာခိုင်နှုန်း ပိုများ တယ်လို့
မက်ဆက်ချူးဆက်တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ အလုပ်ချိန် တာရှည်တာဟာ
ကောတီဇောတွေ ပိုများ ပြီး နာကျင်မှုဖြစ်နိုင်ခြေ နှစ်ဆ ပိုနိုင်ပါ တယ်။
ညနေချိန်ရောက်တိုင်း ဖျာ ဒါမှ မဟုတ် ကော်ဇောပေါ်မှာ ဒူးခေါင်း အောက်
ခေါင်းအုံးထူထူခုထားပြီး လဲ လှောင်းပါ။ မိနစ် ၂၀ခန့် အသက်ကို
နက်နက်ရှိုင်းရှိုင်းနဲ့ ဖြည်းဖြည်းချင်း ရှူ သွင်းရှူထုတ်လုပ်ပေးပါ။
လေ့လာမှုတွေ အရ ဒီလိုလုပ်တာကြောင့် သုံးနာရီ အိပ် စက်မှုနဲ့တူညီတဲ့
ြွကက်သားတွေ ပြန် လည်ပြုပြင်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
မဂ္ဂနီစီယမ်ဓာတ် အားဖြည့်ပါ မဂ္ဂနီစီယမ်သတ္တုဓာတ်ဟာ အမျိုး သမီးတွေရဲ့ ၉၂
ရာခိုင်နှုန်းမှာ နောက် ကျောနာကျင်မှုဝေဒနာသက်သာစေပြီး ရောဂါပြန်မထအောင်
ကာကွယ်နိုင် တယ်လို့ UCLA မှ သုတေသီတွေက ဆို ပါတယ်။ မဂ္ဂနီစီယမ်ဟာ ကော်တီဇော
မြင့်တက်မှုကို လျှော့ချနိုင်ပြီး အာရုံကြော စနစ်ကို အေးချမ်းမှုရှိစေပါတယ်။
ဒါ့အ ပြင် ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး အနာ ကျက်မှုမြန်စေနိုင်တယ်လို့
အာဟာရဆိုင် ရာဆေးပညာဂျာနယ်မှာ ရေးသားသူ ဒေါက်တာအယ်လင်က ပြောပါတယ်။
နေ့စဉ် ၅၀ဝ မီလီဂရမ် မှီဝဲပါ။ ဆရာဝန်ညွှန်ကြားတဲ့ဆေး သောက်ပါ ဆိုးရွားစွာ
နောက်ကျောနာကျင်မှု ရှိတဲ့ အမျိုးသမီးတွေရဲ့ ၆၀ ရာခိုင်နှုန်း ဟာ
ဆရာဝန်ညွှန်ကြားတဲ့ စိတ်ဓာတ်ကျ ပျောက်ဆေး(Tricyclic Antidepressant)
မှီဝဲတာကြောင့် ရောင်ရမ်းနေတဲ့ အာရုံကြောတွေ သက်သာတယ်လို့ သိရ ပါတယ်။
မျက်နှာပေါ်မှ အရေးအကြောင်း ကင်းစင်အောင် ဘိုတော့ထိုးတာကြောင့် လည်း
အမျိုးသမီးတွေ ၅၀ ရာခိုင်နှုန်းမှာ နာကျင်မှုဝေဒနာ သိသိသာသာ သက် သာတယ်လို့
သိရပါတယ်။

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း