အသက် ၂၀ မှ အသက် ၈၅ နှစ် အရွယ် လူပေါင်း ၁၀ဝ၀ ကျော် ပါဝင်တဲ့
လေ့လာမှုအသစ်အရ ပုံမှန်ချောကလက် စားသူတွေဟာ တစ်ခါတစ်ရံမှ ချောက
လက်စားသူတွေထက် ပိုမို ပိန်ပါးကြောင်း တွေ့ရှိ ခဲ့ပါတယ်။ လေ့လာမှုမှာ
ပါဝင်တဲ့ ချောကလက်ပုံမှန်စားသူတွေဟာ တစ်ခါ တစ်ရံမှ စားသူတွေထက် ကယ်လိုရီ
လည်း လျှော့မစားတဲ့အပြင် လေ့ကျင့် ခန်းလည်း ပိုမလုပ်ဘူးလို့ သိရပါတယ်။
ချောကလက်မှာပါဝင်တဲ့ ကဖင်းဓာတ် ဟာ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေတာ
ကြောင့်လို့ သုတေသီတွေက မှတ်ချက်ချ ပါတယ်။
ဒေါက်တာခင်မိုးမိုး
Ref: Good Health
အမည်းရောင် ချောကလက်
လေ့လာမှုများစွာအရ ချောကလက်ကို မကောင်းတဲ့ စိတ်ခံစားမှု
ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ အစာလို့ ဆိုပါတယ်။ ချောကလက်ဟာ
အန်ဒေါ်ဖင်ဆိုတဲ့ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်း အထွက်တိုးစေတာကြောင့်
စိတ်ကြည်နူးမှုကို ရရှိစေတာ ဖြစ်ပါတယ်။ ကိုကိုးမှုန့်နဲ့ အနက်ရောင်
ချောကလက်မှာ အင်တီအောက်ဆီးဒင့် ဖလေဗနော သိသိသာသာ ပါဝင်တာကြောင့်
ဦးနှောက်ထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း