လေ့လာမှုတွေအရ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ စိတ်ကျသက်သာစေတဲ့
အစွမ်းရှိတယ်လို့ သိရပါတယ်။ တစ်နေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ၃ ဒသမ ၎
ဂရမ်မှီဝဲတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အာနိသင်မပါတဲ့ ဆေးကိုပဲ
မှီဝဲတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထက် စိတ်ကျရောဂါ လက္ခဏာတွေ သိသိသာသာ
လျော့ကျမှုရှိတယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။
အကြောင်းကတော့ အိုမီဂါ ၃ ဟာ ဦးနှောက်ထဲမှာ Neurotransmitter
လမ်းကြောင်းတွေ ပေါ်လာစေလို့ပါ။ အိုမီဂါ ၃ ပါဝင်တဲ့ အကောင်းဆုံး အစာတွေက
ဆယ်လ်မွန်ငါး၊ ဟာအင်းငါးနဲ့ ဆာဒင်းငါးတို့ ဖြစ်ကြပါတယ်။ သီဟိုဠ်စေ့နဲ့
ရွှေဖရုံစေ့တွေမှာလည်း အိုမီဂါ ၃ ပါဝင်ပါတယ်။ ဆယ်လ်မွန်ငါးမှာ ဗီတာမင်ဒီလည်း
ပါဝင်ပြီး ဗီတာမင်ဒီကလည်း စိတ်ခံစားမှုကောင်းစေတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း