အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ် ဆိုတာ ကိုတော့ သိကြပြီး
သားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ် အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင်
ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း ပြီး ဆာလောင်မှု ဖြစ်စေတဲ့
ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ်
အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း
ဇီဝရုပ်ဖြစ်ပျက်နှုန်း ပြန် လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့်
ကျဆင်းအောင် ကူညီနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။
၁) ညနေချိန်တွင် သစ်သီးစားပါ
သစ်သီးမှာပါဝင်တဲ့ သဘာဝ သကြား ဓာတ်ဖြစ်တဲ့Fructose ဟာ ဦးနှောက်မှ
စိတ်အေးချမ်းမှု ရှိစေတဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှုကို မြင့်တက်စေပြီး မိနစ် ၂၀
အတွင်း အိပ်ငိုက်စေနိုင်တယ်လို့ သုတေ သီတွေက ဆိုပါတယ်။
၂) ဇက်ချိုးပါ
အိပ်ရာမဝင်ခင် ၁၀ မိနစ်အလိုမှာ ဦးခေါင်းလှည့်ပြီး ဇက်ချိုးတာကြောင့်
အမျိုးသမီး ၉၀ ရာခိုင်နှုန်းမှာ တင်းမာမှု နဲ့ စိုးရိမ်စိတ်အတွေးတွေ
လျော့ကျပြီး အလွယ်တကူအိပ်ပျော်နိုင်တယ်လို့ သိရ ပါတယ်။
၃) ညဝတ္အက်ႌပြပြဝတ္ပါ
အင်္ကျီတင်းတင်းကျပ်ကျပ်တွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်မှ အပူချိန် တွေ
ထွက်မသွားအောင် တားမြစ်နိုင်တဲ့ အတွက် ကိုယ်အပူချိန် မြင့်တက်နေပြီး
ဦးနှောက်မှ အိပ်ပျော်မှုကောင်းစေတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှု နှေး
ကွေးသွားပါတယ်။ အင်္ကျီပွပွတွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်အပူချိန် လျော့
သွားနိုင်ပါတယ်။
၎) ခြေသလုံး နှိပ်ပေးပါ
အိပ်ရာဝင်ချိန်မှာ ခြေသလုံြးွကက် သားကို ငါးမိနစ်ခန့် နှိပ်နယ်ပေးတာ
ကြောင့် အိပ်ပျော်နိုင်မှု နှစ်ဆပိုမြန်သွား ပါတယ်။ နှိပ်တာကြောင့်
ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေ လှုံ့ဆော်မှုရရှိစေပြီး အိပ်တာကို
အနှောင့်အယှက်ဖြစ်စေတဲ့ ဖိစီးမှုဟော်မုန်း ထွက်ရှိမှုနည်းသွားပါတယ်။
၅) အိပ်ခန်းတွင်း Lavender ရနံ့ ထည့်ပါ
Lavender ရနံ့ရှူ ရတာကြောင့် ဦး နှောက်မှ စိတ်အေးချမ်းမှုရရှိတဲ့ လှိုင်းတွေ
ထုတ်လုပ်မှုပိုများလာပြီး ၁၀ မိနစ်အတွင်း အိပ်ပျော်စေနိုင်တယ်လို့ သုတေသီတွေ
က ဆိုပါတယ်။
ဒေါက်တာခင်မိုးမိုး

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း