လူတစ်ဦးအတွက် နှလုံးရောဂါ ဖြစ်စေနိုင်တဲ့အ္တရာယ်အခွင့်အလမ်း ကို တွန်းအားပေးတဲ့ အချက်အလက် များစွာ ရှိနေပါတယ်။ ဒါပေမယ့် ကော်ဖီအလယ်အလတ် သောက်သုံးခြင်းဟာ အဲဒီအချက်တွေထဲမှာ မပါဝင်ပါဘူး။ တစ်နေ့လျှင် ကော်ဖီ၎ခွက် (ဥရောပ အရွယ်အစား) သောက်သုံးခြင်းဟာ နှလုံးစွမ်းဆောင်ရည်ကျဆင်း သောရောဂါ Heart Failure ဖြစ်ပွားနိုင်တဲ့ အန္တရာယ်အခွင့်အလမ်း Risk ကို ၁၁ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရပါတယ်။
သို့သော် ကော်ဖီကို များပြားစွာ
(အမေရိကန်ကော်ဖီဆိုင်က ခွက်အရွယ်အစား ၄ ခွက် ၅ ခွက်ထက်ပိုပြီး)
သောက်သုံးရင်တော့ နှလုံးဆိုင်ရာပြဿနာတွေ ဖြစ်ပွားနိုင်တဲ့
အခွင့်အလမ်းမြင့်မား လာကြောင်း တွေ့ရပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သွေးဖိအားနှင့် သွေးတွင်းသကြားဓာတ်ကို
ထိန်းချုပ်ရန်ခက်ခဲသူများ၊ ရင်တုန်တတ် သူများ ကတော့ ကော်ဖီကို အနည်းငယ်သာ
သို့မဟုတ် လုံးဝ မသောက်သုံးသင့် ကြောင်း အကြံပြုထားပါတယ်။
အဲဒီလူများကလွဲပြီး ကျန်တဲ့လူများစုကတော့ ကော်ဖီကို လစ်မစ်
(ပမာဏကန့်သတ်ချက်) တစ်ခု အတွင်းမှာဆိုရင် ပျော်ရွှင် ချမ်းမြေ့စွာ သောက်
သုံးနိုင်တယ်လို့ ယခု သုတေသနအသစ်ကို ပြုလုပ်ခဲ့သူများက ဆိုပါတယ်။

No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း