ဆံသားပျက်စီးမှု ဖြစ်စေသော အပြုအမူများ
မကြာခဏခေါင်းလျှော်ခြင်း
တစ်ကိုယ်ရေ
သန့်ရှင်းမှု အတွက် ပုံမှန်ခေါင်း လျှော်တာက သင့်ဦးရေပြား ပေါ်က
အညစ်အကြေးတွေနဲ့ ချွေးတွေကို သန့်စင်စေနိုင်ပေမယ့် တစ်နေ့တည်းမှာ
နှစ်ကြိမ်လောက် ခေါင်းလျှော် တာမျိုးနဲ့ မကြာခဏ
ဆိုသလို ခေါင်းလျှော် ရည်တွေနဲ့
ခေါင်းလျှော်နေ တာကြောင့် သင့်ဦးရေပြား ခြောက်သွေ့ စေပြီး သဘာဝအဆီတွေကို
ခန်းခြောက် စေနိုင် ပါတယ်။ ဦးရေပြား ခြောက်သွေ့တာကြောင့် ဗောက်ထ
စေနိုင်ပါသေးတယ်။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ် လောက်သာ ပုံမှန်
ခေါင်းလျှော်ပါ။
တင်းကျပ်စွာ စည်းနှောင်ခြင်း
ဆံပင်ကို တင်းတင်းကျပ်ကျပ် သားရေကွင်းတွေနဲ့ စည်းနှောင် တာဟာ
သင့်ဆံသားတွေကို ထက်ပိုင်းကျိုးတာမျိုးနဲ့ ပြတ်ထွက်တာ မျိုးတွေဖြစ်စေနိုင်
ပါတယ်။ နေ့စဉ် ဆံပင်စည်းနှောင် တာမျိုးကြောင့်လည်း ဆံသားတွေ ပြတ်ထွက်စေတတ်
ပါတယ်။ ခပ်လျော့လျော့သာ စည်းနှောင်ပေးပါ။
အရမ်းပွတ်တိုက်ခြင်း
ခေါင်းလျှော်ပြီးချိန်မှာ သင့်ဆံပင်ကို ကြမ်းတမ်းစွာ ပွတ်တိုက် အခြောက်ခံ
တာကြောင့် ဆံသားတွေကို ကြမ်းတမ်းကာ ပျက်စီးစေပါတယ်။ အရမ်းပူလွန်းတဲ့ လေမှုတ်
အခြောက်ခံ တာဟာလည်း ဆံသားကို ပျက်စီး စေပါတယ်။ ခေါင်းလျှော်ပြီးချိန်
ခပ်ဖွဖွသုတ် ပေးပြီး လေအေးနဲ့သာ အခြောက်ခံပေးပါ။
ဘာပြုပြင်မှုမှမရှိခြင်း
ခေါင်းလျှော်ချိန် မျိုးမှာ ခေါင်းလျှော်ရည်ကို ရေအနည်းငယ်နဲ့ ရောလိုက်ပြီး
ဆံသားတွေကို အရင်ဆုံး ထိတွေ့စေပြီးမှ ဦးရေပြားပေါ်မှာ စက်ဝိုင်းပုံစံ
လှည့်ပတ်နှိပ်နယ်ပေးကာ သန့်စင် ပေးသင့်ပါတယ်။ ဒါဟာ ပုံမှန်ဦးရေပြား
သန့်စင်မှုပါပဲ။ ခုနစ်ပတ်လောက် ကြာတဲ့ အချိန်မျိုးမှာ သင့်ဆံပင် အဖျားတွေကို
အနည်း ငယ်လောက် ညှပ်ပေးပါ။ ဆံသားကို ပုံမှန်ရှင် သန်စေနိုင်ပါတယ်။
ဆံသားပျော့ပျောင်းမှုရှိစေဖို့ သဘာဝ အဆီတွေကို ခေါင်း မလျှော်ခင်
အချိန်မျိုးမှာ ၁၅မိနစ်လောက် ပေါင်းထားပေးနိုင်ပါတယ်။ ဒီလို
အခြေခံပြုပြင်မှု လေးတောင် မရှိဘူး ဆိုရင်တော့ သင့်ဆံသားက ဘယ်လိုမှ
ကောင်းမှာ မဟုတ်ပါဘူး။
မှတ်ချက်။ ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။
No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း