မူးဝေခြင်း အကြောင်းရင်းများ
မူးဝေခြင်း အကြောင်းရင်းများ
မူးနောက်နောက် ဖြစ်နေ တာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ
သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊
ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်း
ဖြစ်ရခြင်း အကြောင်း ရင်းတွေနဲ့ ကျွန်တော်တို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ
ဆိုတာကို ကြည့်ရအောင်
(၁) သွေးပေါင်ကျခြင်း
ကိုယ်ဟန် အနေအထားကြောင့် သွေးပေါင်ကျခြင်း Postural Hypotension ဟာ
ရုတ်တရက် မတ်တတ် ရပ်လိုက်တဲ့ အခါ သွေးပေါင်ခဏ ကျသွားခြင်းကြောင့်
ဖြစ်တက်ပါတယ်။ ထိုအခါ ဦးနှောက်ဆီ သွေးအရောက် လျော့သွားခြင်းကြောင့်
ခေါင်းမူး ရခြင်း ဖြစ်ပါတယ်။ ဘာလုပ် နိုင်မလဲ မတ်တက်ရပ် လိုက်တိုင်း လိုလို
ခေါင်းမူး တက်ပါက သွေးပေါင်ချိန် စစ်ကြည့်သင့် ပါတယ်။ သွေးတိုးရောဂါ
ဆေးကုသ ခံနေရသူ ဆိုရင်လည်း ဆေးပမာဏ ချိန်ဆပေးဖို့ လိုကောင်း လိုနေ
ပါလိမ့်မယ်။
(၂) Meriere's Disease
Meriere ရောဂါဆိုတာ နားအတွင်းခန်း ရောဂါကြောင့် နားလေထွက်ခြင်းနဲ့
မူးဝေခြင်းကို ဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နားအတွင်းခန်းမှာ
အရည်တွေ ပိုလျှံလာပါက ချာချာလည်းမူးဝေခြင်းကို ဖြစ်စေတက်ပါတယ်။ တခြား
လက္ခဏာရပ်တွေကတော့ မူးခြင်း၊ ပျို့အန်ခြင်း၊ အကြား အာရုံချို့ယွင်းခြင်း၊
နားအူခြင်းတို့ပဲ ဖြစ်ပါတယ်။ ရောဂါပြင်းထန်မှု ပမာဏနဲ့ အချိန်ကြာမြင့်မှုက
လူတစ်ယောက်နဲ့ တစ်ယောက်ပေါ် မူတည်ပြီး ကွာဟတက် ပေမယ့်
အရမ်းမူးဝေခြင်းကြောင့် ထိုင်ချလိုက်ရတဲ့အထိ ဖြစ်တက်ပါတယ်။ ဘာလုပ်နိုင်မလဲ
နားအတွင်းခန်းမှာ အရည် လျှံခြင်းက ပြဿနာဖြစ်တာကြောင့် အဲသလို မဖြစ်ရအောင်
စားတဲ့ အစာထဲ ဆားလျှော့စားဖို့၊ ဆီးဆေးသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။
ဒီလိုနဲ့မှ မရရင် နားထဲက အရည်တွေကို ဆေးရုံမှာ စုပ်ထုတ်လို့လည်း ရပါတယ်။
(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း
(Migraine) ခေါင်းတစ်ခြမ်း ကိုက်ခြင်းဟာ ခေါင်းကိုက်ခြင်း တစ်မျိုးဖြစ်သလို
တစ်ခါတစ်ရံမှာ ခေါင်းမူးခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။
ခေါင်းတစ်ခြမ်း ကိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ခေါင်းမူးခြင်းဟာ Meriere
ရောဂါနဲ့ လက္ခဏာ အများစု ဆင်တူနေတက် ပေမယ့် အကြားအာရုံတော့
လျော့မသွားတက်ပါဘူး။ ကားမူးခြင်း၊ လေယာဉ်မူးခြင်း၊ သဘောင်္မူးခြင်းတို့လို
မူးဝေခြင်းမျိုးက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်တွေမှာ ပိုဖြစ်ပေါ်
တက်ပါတယ်။ ဘာလုပ်နိုင်မလဲ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရသလို
ခေါင်းမူးခြင်းလည်း ဖြစ်ပေါ်တက် ပါက ခေါင်းတစ်ခြမ်းကိုက်
ကုဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်ပါ။
(၄) ရောဂါပိုးဝင်ခြင်း
အဖြစ်အများဆုံး ကတော့ Vestibular Neuritis လို့ခေါ်တဲ့ ဗိုင်းရစ်ပိုး
တစ်မျိုးကြောင့်ပါ။ ရေယုန်ဖြစ်စေတဲ့ ရောဂါပိုးနဲ့ ခပ်ဆင်ခင် တူပါတယ်။
ဒီရောဂါပိုးတွေက ဦးနှောက်ရှိ Vestibular နာ့ဗ်ကြောတွေပေါ် နှောင့်ယှက်
လိုက်တဲ့အခါ နားတစ်ဖက် ရောင်လာတက်ကာ သင့်ကို ဟန်ချက်မညီစေတော့ဘဲ ချာချာလည်
မူးဝေ စေတက်ပါတယ်။
(၅) BPPV (Benign Proxysmal Positional Vertigo)
ဒီရောဂါဟာ နားအတွင်းခန်းရှိ ကယ်လ်စီယမ် ကာဗွန်နိတ်ကျောက်တွေ ပြုတ်ထွက်ကာ
ရွေ့လျား နေခြင်းကြောင့် ဖြစ်တက် ပါတယ်။ ခေါင်းဆောင့်မိတဲ့ အခါမျိုးမှာ
ဖြစ်တက်ပြီး လှဲလိုက်တဲ့ အခါမျိုး၊ ခေါင်းမော့ လိုက်တဲ့ အခါမျိုး ဒါမှမဟုတ်
ကုန်းလိုက်တဲ့ အခါမျိုးတွေမှာ မူးဝေ တက်ပါတယ်။ဘာလုပ်နိုင်မလဲနား၊
နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေ အနေနဲ့ ကုသပေးနိုင်တာကြောင့်
ဆေးရုံ သွားပြ သင့်ပါတယ်။
မှတ်ချက်။ ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။
ကျေးဇူးပါ
ReplyDelete