အသဲပုံ ကျွန်း ( Heart Shpaed Island)

Tavarua လို့အမည်ရတဲ့ ကျွန်းဖြစ်ပြီး နယူးဇီလန်နိုင်ငံ မြောက်ပိုင်း မိုင်
၁၀၀၀ ကျော်အကွာ ပစိဖိတ် သမုဒ္ဒရာအတွင်းက ဖီဂျီနိုင်ငံမှာ တည်ရှိ တာ
ဖြစ်ပါတယ်။
ဖီဂျီနိုင်ငံ ပင်မ ကျွန်းနဲ့ သိပ်မဝေးတဲ့ ရေမိုင်
တစ်နေရာမှာ သီးသန့်တည် ရှိနေပြီး အလိုလိုနေရင်းကို အသဲပုံ ပုံစံ ထွက်နေတဲ့
ကျွန်း ဖြစ်ပါတယ်။ သဘာဝအတိုင်းက အသဲပုံ လိုဖြစ်နေတဲ့အတွက် Heart Shaped
Island လို့အမည်ပေးထားပါတယ်။
သိပ်လည်း မကျယ်ပါဘူး။ ၂၉ ဧက သာရှိပြီး အပန်းဖြေ ဟိုတယ် Resort
ဖွင်လှစ်ထားပါတယ်။ Tavarua ကို လူသိများရခြင်းက ယင်း အချက် တစ်ခု
တည်းကြောင့် မဟုတ်ပဲ လှိုင်းလုံး ကြီးကြီး ရိုက်တတ်တဲ့ ကမ်းခြေ ဖြစ်တဲ့
အတွက် လှိုင်းစီး အားကစား ကျင်းပဖို့ ကမ္ဘာ့အကောင်းဆုံး နေရာလို့တောင်
တင်စားခေါ်ဆိုကြပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း Volcom Fiji Pro အမည်နဲ့
ရေလှိုင်းစီး အားကစား ပြိုင်ပွဲများ နှစ်စဉ်ကျင်းပပြီး ကမ္ဘာတစ်လွှား မှာ
လာရောက် ယှဉ်ပြိုင် ကြပါတယ်။
ကျွန်းကို သန္တာကျောက်တန်းများနဲ့ ဝန်းရံထားတဲ့အတွက် ကမ္ဘာ့ အလှဆုံး ကျွန်းထဲမှာလည်း Tavarua ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
Ref: wiki
မှတ်ချက်။ ။International news for myanmar မှကူးယူဖော်ပြထားပါသည်။
No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါအုန်း